Latest Entries »

Tuesday, March 22, 2016

မူလတန်းလွန်ကျောင်း ဆောက်လုပ်နေမှု ပုံရိပ်လေးတွေပါ အလှူရှင်များ သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်








Monday, March 21, 2016

၂၀၁၅-၆၊ သတ္တမအကြိမ်၊ လင်္ကာတမန်မဂ္ဂဇင်း ရရှိနိုင်သော လိပ်စာများ


Sunday, March 13, 2016

အရှင်ဥတ္တမာနန္ဒ(ပေရာဒေနိယတက္ကသိုလ်)၏ ထွက်ရှိပြီးစာအုပ်များ ကို တစ်အုပ်ချင်း ၀ယ်ယူလိုသော စာဖတ်ပရိသတ်များအတွက် သတင်းကောင်း

အရှင်ဥတ္တမာနန္ဒ(ပေရာဒေနိယတက္ကသိုလ်)၏ ထွက်ရှိပြီးစာအုပ်များ ကို တစ်အုပ်ချင်း ၀ယ်ယူလိုသော စာဖတ်ပရိသတ်များအတွက်-
Royal Shop.biz မှာ မှာယူရရှိနိုင်ပြီးဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Royal Express မှ မှာယူရရှိနိုင်သောမြို့များမှာ
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ ပြည်၊ မကွေး၊ မင်းဘူး၊ တောင်ကြီး၊ ရပ်စောက်၊ မော်လမြိုင်၊ ဘားအံ၊ ထားဝယ်၊ မြိတ်၊ မုံရွာ၊ ပုသိမ်
Hot Line: 09786251505, 09264200107, 09265716656
Email:customerservice@royalshop.biz
Website:http://royalshop.biz
Facebook:https://www.facebook.com/RoyalShopBiz
Google+:https://plus.google.com/RoyalShop.Biz
Online မှာ ဖတ်ရှုလိုသော စာဖတ်ပရိသတ်များ
http://www.dharma-benefactor.org/ မှာ ၀င်ရောက်ဖတ်ရှုနိုင်ပါကြောင်းလည်း အသိပေးအပ်ပါသည်။


Tuesday, March 1, 2016

2016-ယဉ်ကျးလိမ္မာသင်တန်းအတွက် အလှူငွေများ စတင်ကောက်ခံလျက်ရှိပါသည်။

2016-ယဉ်ကျးလိမ္မာသင်တန်းအတွက် အလှူငွေများ စတင်ကောက်ခံလျက်ရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် တွင် မွန်မြတ်စေတနာအသင်းမှ ကျင်းပပြုလုပ်သော နွေရာသီ-ယဉ်ကျေးလိမ္မာသင်တန်းအတွက် စမိုင်းလ်ပညာပါရမီ၊ ကုသိုလ်ဖြစ်အဖွဲ့မှ မှတ်စုစာအုပ်(ဗလာစာအုပ်)များ လှူဒါန်းခဲ့ရာ
2012-ခုနှစ်တွင်         အုပ်ရေ          355 အုပ်
2013-ခုနှစ်တွင်         အုပ်ရေ          500 အုပ်
2014-ခုနှစ်တွင်         အုပ်ရေ          204 အုပ်
2015-ခုနှစ်တွင်         အုပ်ရေ          228 အုပ် တို့ကို လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။
ယခုနှစ် 2016-ခုနှစ်တွင်        အုပ်ရေ          252 အုပ်ကို Mahar swe Co., မှ လှူဒါန်းရာ 29-2-2016 ရက်နေ့တွင် မွန်မြတ်စေတနာအသင်းမှ တာဝန်ခံဆရာတော် ဦးဝိလာသ သို့ လက်ရောက်ပေးအပ်လှူဒါန်းခဲ့ပါသည်။
အလားတူ စမိုင်းလ်ပညာပါရမီ၊ ကုသိုလ်ဖြစ်အဖွဲ့ကို စတင်တည်ထောင်သူ ကိုထက်အောင်လင်း မိသားစု၏ နှစ်စဉ်ရာသက်ပန် အလှူငွေ 50000/- ကိုလည်း 2015 ခုနှစ်မှစတင်လှူဒါန်းခဲ့ရာ 2016 ခုနှစ်အတွက်ကိုလည်း ဆရာတော်အား 29-2-2016 ရက်နေ့တွင် တစ်ပါးတည်း လှူဒါန်းခဲ့ကြောင်း အလှူရှင်များအား အသိပေးအပ်ပါသည

Monday, February 29, 2016

မကွေးတိုင်း မင်းလှမြို့နယ် ရေတွင်းကြီးကျေးရွာတွင် မူလတန်းလွန်ကျောင်းဆောက်လုပ်နေမှု မှတ်တမ်းဓာတ်ပုံများ

ဖေလဖော်ဝါရီအတွက် အလှူငွေများ လိုက်လံကောက်ခံနေပါပြီ
လစဉ်မဟုတ်သော်လည်း အလျဉ်းသင့်သလို လှူဒါန်းနိုင်ပါကြောင်း ဖိတ်မန္တက ပြုအပ်ပါသည်
ကျောင်းဆောက်လုပ်နေမှုပုံများကိုလည်း ဖော်ပြပေးလိုက်ပါတယ်
အလှူရှင်များအားလုံး စိတ်နှလုံး ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေ













Thursday, February 11, 2016

ရပ်နီး/ရပ်ဝေးမှ အလှူရှင်များအား ဖိတ်မန္တက ပြုအပ်ပါသည်။


မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ရေတွင်းကြီးကျေးရွာမှာ ဆောက်လုပ်မည့် မူလတန်းလွန်ကျောင်းအတွက် 2016 ဇန်န၀ါရီလ 11 ရက်နေ့ထိ ကောက်ခံရရှိသော ပညာပါရမီစုစုပေါင်းမှာ 23,21,000 ဖြစ်ပါသည်။

၂၀၁၆ ဇန်နဝါရီလလယ်တွင် စတင်ဆောက်လုပ်မည်ဖြစ်ပြီး ၂၀၁၆ ကျောင်းဖွင့်ရာသီအမှီ အောက်ခံ foundation နှင့် ဘေးအကာများ အပြီး ဆောက်လုပ်ရန်လျာထားပါသည်။

ကျန် အခန်းဖွဲ့ခြင်းနှင့် အမိုးမိုးခြင်းများကို ဖြည်းဖြည်းချင်း ဖြည့်စွက်ကာ လစဉ်အလှူရှင်များ၏ အားဖြည့်ထောက်ပံ့မှုဖြင့် ဆောက်လုပ်သွားမည်ဖြစ်ပါသည်။ အလှူကာလမှာ ၁-နှစ်ကျော်မည်ဖြစ်ပြီး စမိုင်းလ်ပညာပါရမီ၊ ကုသိုလ်ဖြစ်မှ အားဖြည့်ပေးမည့် ပညာပါရမီ စုစုပေါင်းမှာ သိန်း ၇၀ ဖြစ်ပါသည်။


လစဉ်မဟုတ်သော်လည်း အလျဉ်းသင့်သလို လှူဒါန်းနိုင်ပါကြောင်း ရပ်နီး/ရပ်ဝေးမှ အလှူရှင်များအား ဖိတ်မန္တက ပြုအပ်ပါသည်။


Sunday, February 7, 2016

မူလတန်းလွန်ကျောင်းအတွက် ဇန်န၀ါရီလအတွက် အလှူရှင်များ


မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ရေတွင်းကြီးကျေးရွာမှာ ဆောက်လုပ်မည့် မူလတန်းလွန်ကျောင်းအတွက် ဇန်န၀ါရီလအတွက် အလှူရှင်များ
(အလှူငွေများ လိုက်လံကောက်ခံရန် အလှူရှင်များ ကျန်ပါသေးသည်)

၂၀၁၆ ဇန်နဝါရီလလယ်တွင် စတင်ဆောက်လုပ်မည်ဖြစ်ပြီး ၂၀၁၆ ကျောင်းဖွင့်ရာသီအမှီ အောက်ခံ foundation နှင့် ဘေးအကာများ အပြီး ဆောက်လုပ်ရန်လျာထားပါသည်။


ကျန် အခန်းဖွဲ့ခြင်းနှင့် အမိုးမိုးခြင်းများကို ဖြည်းဖြည်းချင်း ဖြည့်စွက်ကာ လစဉ်အလှူရှင်များ၏ အားဖြည့်ထောက်ပံ့မှုဖြင့် ဆောက်လုပ်သွားမည်ဖြစ်ပါသည်။ အလှူကာလမှာ ၁-နှစ်ကျော်မည်ဖြစ်ပြီး စမိုင်းလ်ပညာပါရမီ၊ ကုသိုလ်ဖြစ်မှ အားဖြည့်ပေးမည့် ပညာပါရမီ စုစုပေါင်းမှာ သိန်း ၇၀ ဖြစ်ပါသည်။

Saturday, January 30, 2016

2016 နှစ်ဦးမှာ မရည်ရွယ်ဘဲ လှူဖြစ်သွားတဲ့အလှူ

2015 သတ္တမအကြိမ်မြောက် လင်္ကာတမန် မဂ္ဂဇင်း အတွက် ဒီဇိုင်းများ ပြုလုပ်နေရင်း လင်္ကာမှတ်တမ်းကဏ္ဍ မကုဋာရာမ မြန်မာကျောင်းတိုက်၊ အမှတ် ၂၈၄၊ ဒေမတဂါဓလမ်း၊ ကိုလံဘို - ၀၉၊ သီရိလင်္ကာနိုင်ငံ ''မကုဋာရာမမြန်မာကျောင်းတိုက်" သိမ်အပါအ၀င် (၇) ထပ်ဆွမ်းစားကျောင်းဆောင် ဆောက်လုပ်နေမှုအတွက် အလှူရှင်များ စာရင်းကို ပုံစံချရင်း လှူဒါန်းနေကြသော အလှူရှင်များ၏လှူဒါန်းမှုများကို အားကျစိတ်များ ဖြစ်ပေါ်လာမိပါသည်။ ဒါကြောင့် မိမိလုပ်အားခထဲမှ မိမိနိုင်သရွေ့ အလှူငွေကျပ် တစ်သိန်းကို လှူဒါန်း ဖြစ်ခဲ့ပါသည်။
အလားတူပင် “စမိုင်းလ်-ပညာပါရမီ ကုသိုလ်ဖြစ်လုပ်ငန်း”မှ ဦးဆောင်ဆောက်လုပ်မည့် မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ရေတွင်းကြီးကျေးရွာ၊ “မူလတန်းလွန်ကျောင်း” အတွက်တွင်လည်း အလှူငွေကျပ် နှစ်သိန်း လှူဒါန်းဖြစ်ခဲ့ပါသည်။ အလှူကာလ ၁-နှစ်ကျော်အတွင်းမှာလည်း မိမိနိုင်သလောက် အလှူအထမြောက်သည်အထိ ပါဝင်ဖို့လည်း စိတ်ဆုံးဖြတ်ထားပါသည်။


မရည်ရွယ်ပါဘဲနှင့် နိုင်ငံရပ်ခြားတွင် ပညာသင်ကြားနေသော စာသင်သားရဟန်းတော်များအတွက် တစ်ထောင့်တစ်နေရာက သဲတစ်ပွင့်လောက် ပါဝင်ခွင့်ရခဲ့သလို မိမိမြန်မာနိုင်ငံမှ ကလေးများ ပညာရေးအတွက်တွင်လည်း အုတ်တစ်ချပ်မျှ ပါဝင်ခွင့်ရခဲ့သော 2016 နှစ်ဦးပါ။
facebook: aye.nyein.547 (“စမိုင်းလ်-ပညာပါရမီ ကုသိုလ်ဖြစ်လုပ်ငန်း”)

Monday, January 25, 2016

“မူလတန်းလွန်ကျောင်း” အတွက်တွင်လည်း အလှူငွေများ လှူဒါန်းနိုင်ပါကြောင်း

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ရေတွင်းကြီးကျေးရွာမှာ မူလတန်းလွန်ကျောင်းဆောက်လုပ်ရန်အတွက် စမိုင်းလ်ပညာပါရမီ၊ ကုသိုလ်ဖြစ်လုပ်ငန်း မိသားစုတို့မှ ကောက်ခံရရှိထားသော အလှူငွေများကို ဒေါက်တာ အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)ထံ ပထမအကြိမ် အလှူတော်ငွေ သိန်း ၂၀ ကျပ် လှူဒါန်းစဉ်







“စမိုင်းလ်-ပညာပါရမီ ကုသိုလ်ဖြစ်လုပ်ငန်း”မှ ဦးဆောင်လှူဒါန်းမည့် မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ရေတွင်းကြီးကျေးရွာမှာ မကြာမီဆောက်လုပ်တော့မယ့် “မူလတန်းလွန်ကျောင်း” အတွက်အလှူငွေများ ကောက်ခံလျက်ရှိပါသည်။

၂၀၁၆ ဇန်နဝါရီလလယ်တွင် စတင်ဆောက်လုပ်မည်ဖြစ်ပြီး ၂၀၁၆ ကျောင်းဖွင့်ရာသီအမှီ အောက်ခံ foundation နှင့် ဘေးအကာများ အပြီး ဆောက်လုပ်ရန်လျာထားပါသည်။
ကျန် အခန်းဖွဲ့ခြင်းနှင့် အမိုးမိုးခြင်းများကို ဖြည်းဖြည်းချင်း ဖြည့်စွက်ကာ လစဉ်အလှူရှင်များ၏ အားဖြည့်ထောက်ပံ့မှုဖြင့် ဆောက်လုပ်သွားမည်ဖြစ်ပါသည်။

အလှူကာလမှာ ၁-နှစ်ကျော်မည်ဖြစ်ပြီး “စမိုင်းလ်-ပညာပါရမီ ကုသိုလ်ဖြစ်လုပ်ငန်း”မှ ဦးဆောင်လှူဒါန်းမည့် ပညာပါရမီဖြည့်ဆည်းမှုမှာ သိန်း ၇၀ ဖြစ်ပါသည်။

Tuesday, January 5, 2016

ပညာပါရမီဖြည့်ဆည်းလှူဒါန်းလိုသူများ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း

(ပညာသမာ အာဘာ နတ္ထိ= ပညာနှင့်တူသော အလင်းရောင်မရှိ)
**********

ပထမအဆင့် မတည် သိန်း 20  ပြည့်သွားပြီးဖြစ်ပါကြောင်း အလှူရှင်များ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ရန် အသိပေးအပ်ပါသည်။
ဒုတိယအဆင့် သိန်း 20 တွင်လည်း ၀ိုင်းဝန်းပြီး ပါဝင်အားဖြည့်ပေးကြဖို့ အလေးအနက် ပန်ကြားအပ်ပါသည်။ အလှူရှင်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

သတ်မှတ်ကာလမှာ ၁ နှစ်ကျော်ဖြစ်ပါသည် ကုန်ကျစရိတ်စုစုပေါင်း သိန်း ၇၀ ဖြစ်ပါသည်


ပညာပါရမီဖြည့်ဆည်းလှူဒါန်းလိုသူများ အောက်ပါလိပ်စာနှင့် ဖုန်းနံပါတ်များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
ဆက်သွယ်ရန်-
စမိုင်းလ်-ပညာပါရမီ ကုသိုလ်ဖြစ်လုပ်ငန်း
ကြည့်မြင်တိုင်၊ ရန်ကုန်။
ဖုန်း- ၀၉ ၇၃၀၃ ၉၆ ၅၆။ ၀၉ ၇၉၀ ၁၃၆ ၉၉၇။ ၀၉ ၇၉၂ ၃၁၂ ၄၃၃။


မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ရေတွင်းကြီးကျေးရွာမှာ မကြာမီဆောက်လုပ်တော့မယ့် “မူလတန်းလွန်ကျောင်း” မူကြမ်းပုံလေးပါ။ “စမိုင်းလ်-ပညာပါရမီ ကုသိုလ်ဖြစ်လုပ်ငန်း”မှ ဦးဆောင်လှူဒါန်းမှာ ဖြစ်ပါတယ်။

မူလတန်းလွန်ကျောင်း ``မတည်အလှူရှင်များ´´နှင့်``လစဉ်အလှူရှင်များ´´ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

၂၀၁၆ ဇန်နဝါရီလလယ်တွင် စတင်ဆောက်လုပ်မည်ဖြစ်ပြီ ၂၀၁၆ ကျောင်းဖွင့်ရာသီအမှီ အောက်ခံ foundation နှင့် ဘေးအကာများ အပြီး ဆောက်လုပ်ရန်လျာထားပါသည်
ကျန် အခန်းဖွဲ့ခြင်းနှင့် အမိုးမိုးခြင်းများကို ဖြည်းဖြည်းချင်း ဖြည့်စွက်ကာ လစဉ်အလှူရှင်များ၏ အားဖြည့်ထောက်ပံ့မှုဖြင့် ဆောက်လုပ်သွားမည်ဖြစ်ပါသည်