Latest Entries »

Monday, January 25, 2016

“မူလတန်းလွန်ကျောင်း” အတွက်တွင်လည်း အလှူငွေများ လှူဒါန်းနိုင်ပါကြောင်း

မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ရေတွင်းကြီးကျေးရွာမှာ မူလတန်းလွန်ကျောင်းဆောက်လုပ်ရန်အတွက် စမိုင်းလ်ပညာပါရမီ၊ ကုသိုလ်ဖြစ်လုပ်ငန်း မိသားစုတို့မှ ကောက်ခံရရှိထားသော အလှူငွေများကို ဒေါက်တာ အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)ထံ ပထမအကြိမ် အလှူတော်ငွေ သိန်း ၂၀ ကျပ် လှူဒါန်းစဉ်







“စမိုင်းလ်-ပညာပါရမီ ကုသိုလ်ဖြစ်လုပ်ငန်း”မှ ဦးဆောင်လှူဒါန်းမည့် မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ရေတွင်းကြီးကျေးရွာမှာ မကြာမီဆောက်လုပ်တော့မယ့် “မူလတန်းလွန်ကျောင်း” အတွက်အလှူငွေများ ကောက်ခံလျက်ရှိပါသည်။

၂၀၁၆ ဇန်နဝါရီလလယ်တွင် စတင်ဆောက်လုပ်မည်ဖြစ်ပြီး ၂၀၁၆ ကျောင်းဖွင့်ရာသီအမှီ အောက်ခံ foundation နှင့် ဘေးအကာများ အပြီး ဆောက်လုပ်ရန်လျာထားပါသည်။
ကျန် အခန်းဖွဲ့ခြင်းနှင့် အမိုးမိုးခြင်းများကို ဖြည်းဖြည်းချင်း ဖြည့်စွက်ကာ လစဉ်အလှူရှင်များ၏ အားဖြည့်ထောက်ပံ့မှုဖြင့် ဆောက်လုပ်သွားမည်ဖြစ်ပါသည်။

အလှူကာလမှာ ၁-နှစ်ကျော်မည်ဖြစ်ပြီး “စမိုင်းလ်-ပညာပါရမီ ကုသိုလ်ဖြစ်လုပ်ငန်း”မှ ဦးဆောင်လှူဒါန်းမည့် ပညာပါရမီဖြည့်ဆည်းမှုမှာ သိန်း ၇၀ ဖြစ်ပါသည်။

0 comments: