Latest Entries »

Saturday, March 10, 2012

Mandalay Views




Friday, March 9, 2012

Nature

ဒီပုံတွေကို 2007 ခုနှစ်ကတည်းက တင်မယ်ဆိုပြီး သိမ်းထားခဲ့တာပါ။ အခြေအနေအကြောင်းကြောင်းကြောင့် မတင်ဖြစ်ခဲ့ပေမယ့် အခု အချိန်လည်းရ၊ လိုင်းလည်း ကောင်းနေလို့ တင်ထားလိုက်တော့မယ်။ ကိုယ်အရင်ကတည်းက တင်ချင်လို့ သိမ်းထားခဲံတဲ့ ပုံလေးတွေကို ကြိုက်နှစ်သက်ကြမယ်ဆိုရင် ၀မ်းသာမိမှာပါ။ တကယ့် မြန်မာတို့ရဲ့ သဘာဝပုံလေးတွေပါ။ နောက်နေ့တွင်မှာလည်း သိမ်းထားတဲ့ပုံလေးတွေ အများကြည့်နိုင်အောင် တင်ပေးသွားပါ့မယ်။


အခြားလှူဒါန်းလျက်ရှိသော အလှူစာရင်း

30-12-2011 နေ့မှာ ပုဇွန်တောင်ကူးတို့ဆိပ် မီးလောင်မှုဖြစ်ရာနေရာသို့ အ၀တ်အစားများ သွားရောက်လှူ ဒါန်းခဲ့ပါသည်။အလှူဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်း ပံ့ပိုးကူညီကြသူများမှာ - မသောင်းစိုးဦး(မင်္ဂလာဒုံ)၊ မ၀င်းမာသက် (မင်္ဂလာဒုံ)၊ မမြသဇင် (ကန်လမ်း၊ လှိုင်)တို့ ဖြစ်ပါသည်။
8-3-2012 နေ့တွင်မွန်မြတ်စေတနာအသင်း၊ လေးမျက်နှာမြို့နယ်၊ အာဒိစ္စာရာမကျောင်းတိုက်၊ ကြာအင်းကျေးရွာနွေရာသီယဉ်ကျေးမှုသင်တန်းအတွက် 130 ကျပ် တန်ဖိုးရှိ မှတ်စုရေးစာအုပ် 355 အုပ်ကိုလှူဒါန်းခဲ့ပါသည်။
7-4-2012 နေ့တွင်ဧရာဝတိတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ မဲဇလီကုန်းကျေးရွာမှ သတ္တမတန်းတက်မည့်ကျောင်းသူကလေး မခိုင်သဇင်အား စက်ဘီးတစ်စီးကို သွားရောက် ထောက်ပံ့ ခဲ့ပါတယ်။ပုသိမ်မှ အသိတစ်ယောက်ရဲ့ ပြောကြားချက်အရ သူမပညာရေး မှာ အထောက်အကူဖြစ်စေရန်အတွက် (သူမသည် ကျောင်းတက်ရက် ခြေလျင်ခရီးက ၂ နာရီကျော် ကြာအောင်နေ့စဉ် အသွားအပြန်ခရီးသွားလာနေရသည်ဟု ကြားသိရပါသည်) ကိုယ်တိုင် ကုန်းတစ်တန်ရေတစ်တန်သွားရောက်ကာ လက်ရောက်ပေးအပ်ခဲ့ပါသည်။ (ပုံနှင့်တကွ)





နောင်နှစ်များတွင်လည်းယခုလို ဝေးလံသော အရပ်ဒေသများမှ ကလေးများအတွက် လုပ်ဆောင် သွားမည့် လုပ်ဆောင်ချက်များလည်းရှိပါသေးသည်။ လှူဒါန်းမှုအတွက် အကြံဥာဏ်များလည်း ပေးနိုင်ပါကြောင်း လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်အပ်ပါသည်။ ယခုအချိန်ကာလအထိ ခြေလှမ်းသစ်များနှင့် အတတ်နိုင်ဆုံး လိုအပ်ချက်ကလေးများကိုအုတ်တစ်ချပ် သဲတစ်ပွင့် ဖြည့်ဆည်းနိုင်သည့်အတွက် လည်း ၀မ်းသာမိပါသည်။

ပညာသင်စရိတ်အတွက် လှူဒါန်းပြီးသော အလှူငွေစာရင်း

လစဉ်အလှူငွေများကို ဒီဇင်ဘာလ 2011 မှ စတင် လှူဒါန်းခဲ့ရာ ဒီဇင်ဘာလအတွက် အလှူငွေကို 3-12-2011 ညမှာ ဦးပဉ္ဖင်း ရန်ကုန်ပြန်ရောက်နေခိုက် ကြုံသဖြင့် ကိုယ်တိုင်ကိုယ်ကျ ကပ်လှူနိုင်ခဲ့ပါသည်။ ဇန်န၀ါရီလ အတွက်ကိုလည်း 15-12-2011 နေ့ သီရိလင်္ကာကို ကျောင်းတက်ရန် ပြန်မကြွခင်တစ်ရက်မှာ ကပ်လှူနိုင်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ အတွက်ကိုတော့ 17-1-2012 နေ့မှာ ကမ္ဘာအေးမှ ဦးဇင်းတစ်ပါးနှင့် လူကြုံထည့်ပေးလိုက်နိုင်သလို မတ်လနှင့်ဧပြီလအတွက်ကိုလည်း 28-2-2012 နေ့မှာ သီရိမင်္ဂလာ ပျော်ဘွယ်ကျောင်းမှ ဦးဇင်းတစ်ပါးနှင့် တဆင့် လူကြုံပါးကာ လှူဒါန်းခဲ့ပါတယ်။
မတ်လနှင့်ဧပြီလအတွက် 28-2-2012 ပါဠိတက္ကသိုလ် သီရိမင်္ဂလာပျော်ဘွယ်ကျောင်းမှ ဦးဇင်းတစ်ပါး နှင့် နှစ်လစာ ငွေလွှဲ ဒေါ်လာ 240 ကို တစ်ဆင့် လှူဒါန်းခဲ့ပါတယ်။
မေ၊ ဇွန်၊ ဇူလိုင်လများအတွက် (ဒေါ်လာ 361) ကိုတော့ 15-4-2012 နေ့တွင် ဘုရားဖူးသွားမည့် မြန်မာအဖွဲ့နှင့် တစ်ဆင့် လှူဒါန်းခဲ့ပါတယ်။