Latest Entries »

Friday, March 9, 2012

ပညာသင်စရိတ်အတွက် လှူဒါန်းပြီးသော အလှူငွေစာရင်း

လစဉ်အလှူငွေများကို ဒီဇင်ဘာလ 2011 မှ စတင် လှူဒါန်းခဲ့ရာ ဒီဇင်ဘာလအတွက် အလှူငွေကို 3-12-2011 ညမှာ ဦးပဉ္ဖင်း ရန်ကုန်ပြန်ရောက်နေခိုက် ကြုံသဖြင့် ကိုယ်တိုင်ကိုယ်ကျ ကပ်လှူနိုင်ခဲ့ပါသည်။ ဇန်န၀ါရီလ အတွက်ကိုလည်း 15-12-2011 နေ့ သီရိလင်္ကာကို ကျောင်းတက်ရန် ပြန်မကြွခင်တစ်ရက်မှာ ကပ်လှူနိုင်ခဲ့ပါတယ်။
ဖေဖော်ဝါရီလ အတွက်ကိုတော့ 17-1-2012 နေ့မှာ ကမ္ဘာအေးမှ ဦးဇင်းတစ်ပါးနှင့် လူကြုံထည့်ပေးလိုက်နိုင်သလို မတ်လနှင့်ဧပြီလအတွက်ကိုလည်း 28-2-2012 နေ့မှာ သီရိမင်္ဂလာ ပျော်ဘွယ်ကျောင်းမှ ဦးဇင်းတစ်ပါးနှင့် တဆင့် လူကြုံပါးကာ လှူဒါန်းခဲ့ပါတယ်။
မတ်လနှင့်ဧပြီလအတွက် 28-2-2012 ပါဠိတက္ကသိုလ် သီရိမင်္ဂလာပျော်ဘွယ်ကျောင်းမှ ဦးဇင်းတစ်ပါး နှင့် နှစ်လစာ ငွေလွှဲ ဒေါ်လာ 240 ကို တစ်ဆင့် လှူဒါန်းခဲ့ပါတယ်။
မေ၊ ဇွန်၊ ဇူလိုင်လများအတွက် (ဒေါ်လာ 361) ကိုတော့ 15-4-2012 နေ့တွင် ဘုရားဖူးသွားမည့် မြန်မာအဖွဲ့နှင့် တစ်ဆင့် လှူဒါန်းခဲ့ပါတယ်။

0 comments: