Latest Entries »

Saturday, December 19, 2015

မူလတန်းလွန်ကျောင်း စတင်ဆောက်လုပ်လှူဒါန်းမည်ဖြစ်ပါကြောင်း အလှူရှင်များအား အသိပေးခြင်း

မကွေးတိုင်း၊  အထက်မင်းလှမြို့နယ်၊ ရေတွင်းကြီးကျေးရွာတွင် မူလတန်းလွန်ကျောင်း ကို ၂၀၁၆ ဇန်န၀ါရီလလယ်တွင် စတင်ဆောက်လုပ်မည်ဖြစ်ပါကြောင်း အလှူရှင်များအား အသိပေးအပ်ပါသည်။
ကုန်ကျစရိတ်မှာ သိန်း ၇၀ ၀န်းကျင်ခန့် ခန့်မှန်းထားပါသည်။ ယခင်ပညာပါရမီလုပ်ငန်းစဉ်များ အတိုင်းပင် ပထမအကြိမ် မတည်ငွေများ ကောက်ခံမည်ဖြစ်ပြီး နောက်ပိုင်းတွင် လစဉ်အလှူရှင်များဖြင့် ဆက်လက်ဆောက်လုပ်သွားဖို့ လျာထားကြောင်းလည်း အလှူရှင်များအား အသိပေးနှိုးဆော်အပ်ပါသည်။
ကျောင်းပုံစံလေးကို လိုချင်တဲ့ပုံစံလေးပေါ်လာအောင် ဆွဲပေးတဲ့ ကိုမျိုးဟိန်းဇော်ကိုလည်း ကျေးဇူးတင်ပါကြောင်း အသိပေးအပ်ပါတယ်။
စမိုင်းလ်ပညာပါရမီ၊ ကုသိုလ်ဖြစ်အဖွဲ့လုပ်ငန်းစဉ်များကို အသေးစိတ်သိရှိလိုပါက
www.ayeayethaw.blogspot.com တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။




Friday, December 18, 2015

အခမဲ့ ခရီးသွားပို့ဆောင်မှုမှတ်တမ်း (ပထမအကြိမ်)

ဒီဇင်ဘာလအတွက် ရန်ကုန်ကို တခါမှ မရောက်ဖူးသူများအား အခမဲ့ ခရီးသွားပို့ဆောင်မှုမှတ်တမ်း
(ပထမအကြိမ်)
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ခတ္တိယကျေးရွာမှ ရန်ကုန်ကို တစ်ခါဖူးမျှ မရောက်ဖူးသော (သီချင်းထဲမှာသာ ကြားဖူးသော) ရွာသူရွာသား (၇)ယောက်အား ပထမဦးဆုံးအကြိမ်အဖြစ် ရန်ကုန်ကို ခေါ်ဆောင်ကာ ဘုရားဖူးနှင့် အခြားနေရာများကို (သွားလာရေး+အစားအသောက်+နေထိုင်ရေး) အခမဲ့ ပို့ဆောင်ပေးခဲ့ပါသည်။ နောင်တွင်လည်း အဆင်သင့်သလို ရွာများမှ ရန်ကုန်မရောက်ဖူးသူများကို အလျင်းသင့်သလို ပို့ဆောင်ပေးသွားမည်ဖြစ်ပါကြောင်းလည်း အလှူရှင်များအား အသိပေးအပ်ပါသည်။
၁၅-၁၂-၂၀၁၅ ။ နေ့ (ည) ရွှေတိဂုံဘုရား။
၁၆-၁၂-၂၀၁၅ ။ (၁) တိရိစ္ဆာန်ဥယျာဉ်။ (၂) သာကေတမြို့နယ်၊ ရွှေပုဇွန်အအေးနှင့်မုန့်မျိုးစုံ။ (၃) သာကေတမြို့နယ်၊ Capital Super Market။ (၄) ဗိုလ်တထောင်ဘုရား။ (၅) Junction Square။
၁၇-၁၂-၂၀၁၅ ။ (၁) ဆယ်မိုင်ကုန်း၊ ကျောက်တော်ကြီး။ (၂) မြေနီကုန်း၊ ပြည်သူ့ရင်ပြင်။ (၃) မြေနီကုန်း၊ Happy Zone။ (၄) ပန်းဆိုးတန်း၊ ကုန်းကျော်တရား။ (၅) ရန်ကုန်-ဒလ သင်္ဘော။ (၆) တရုတ်တန်း။
အလားတူ ၂-၁၂-၂၀၁၅ မှ ၁၂-၁၂-၂၀၁၅ အထိ မိဘနှစ်ပါးကိုလည်း (၁) တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ မွေတော်ကက်ကူ၊ ထန်စန်းလိုဏ်ဂူ။ (၂) ပုဂံ၊ ညောင်ဦး၊ ပုပါး။ (၃) မုံရွာ။ (၄) ဂန့်ဂေါမှအမျိုးများဆီ။ (၅) စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော် တို့ကို ပို့ဆောင်ပေးခဲ့ပါသည်။

Facebook: aye.nyein.547 တွင်လည်း ဓါတ်ပုံများကို ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။