Latest Entries »

Saturday, December 19, 2015

မူလတန်းလွန်ကျောင်း စတင်ဆောက်လုပ်လှူဒါန်းမည်ဖြစ်ပါကြောင်း အလှူရှင်များအား အသိပေးခြင်း

မကွေးတိုင်း၊  အထက်မင်းလှမြို့နယ်၊ ရေတွင်းကြီးကျေးရွာတွင် မူလတန်းလွန်ကျောင်း ကို ၂၀၁၆ ဇန်န၀ါရီလလယ်တွင် စတင်ဆောက်လုပ်မည်ဖြစ်ပါကြောင်း အလှူရှင်များအား အသိပေးအပ်ပါသည်။
ကုန်ကျစရိတ်မှာ သိန်း ၇၀ ၀န်းကျင်ခန့် ခန့်မှန်းထားပါသည်။ ယခင်ပညာပါရမီလုပ်ငန်းစဉ်များ အတိုင်းပင် ပထမအကြိမ် မတည်ငွေများ ကောက်ခံမည်ဖြစ်ပြီး နောက်ပိုင်းတွင် လစဉ်အလှူရှင်များဖြင့် ဆက်လက်ဆောက်လုပ်သွားဖို့ လျာထားကြောင်းလည်း အလှူရှင်များအား အသိပေးနှိုးဆော်အပ်ပါသည်။
ကျောင်းပုံစံလေးကို လိုချင်တဲ့ပုံစံလေးပေါ်လာအောင် ဆွဲပေးတဲ့ ကိုမျိုးဟိန်းဇော်ကိုလည်း ကျေးဇူးတင်ပါကြောင်း အသိပေးအပ်ပါတယ်။
စမိုင်းလ်ပညာပါရမီ၊ ကုသိုလ်ဖြစ်အဖွဲ့လုပ်ငန်းစဉ်များကို အသေးစိတ်သိရှိလိုပါက
www.ayeayethaw.blogspot.com တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။




0 comments: