Latest Entries »

Thursday, June 28, 2012

SSSF-အကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၂ ခုနှစ် ဇွန်လအထိ ကောက်ခံရရှိပြီးသော အလှူရှင်များစာရင်းနှင့် လုပ်ဆောင်ချက်များ



Wednesday, June 6, 2012

ဒုတိယအကြိမ် ရေအလှူ


သင်ဒီရေသုံးဖို့ စဉ်းစားဖူးသလား?

ရေရှားပါးတဲ့အခါ ဒီရေတွကို ကျောက်ချဉ်ထည့်ပြီး မိနစ် ၂၀၊ ၂၅ လောက်ထားပြီးတော့

ချိုးရေအဖြစ်သုံးတယ်၊ ထမင်းချက်တယ်၊ သောက်လည်းသောက်တယ်။

ပထမအကြိမ်ရေအလှူအပြီး အသိမိတ်ဆွေများ SMS ပို့၍ အသိပေးခဲ့ရာမှ အလှူရှင်များထပ်မံ ပေါ်ပေါက်လာသလို အလုပ်ကိစ္စ စကားပြောနေရင်း SSSF အကြောင်း စကားစပ်မိရာမှလည်း လက်ရှိဆောင်ရွက်နေသော ရေအလှူနှင့် ပညာပါရမီအတွက် အလှူရှင်များ ထပ်မံ ပေါ်ပေါက်ခဲ့ ပါသည်။ ရေအလှူအတွက် နောက်တိုးအလှူရှင်များမှာ -

မချိုစု၊ ရွှေမာလာရိပ်မွန် ၂၀၀၀၀ိ/-

ဦးခင်မောင်ထွေး + မလှသူဇာခင်၊

သမီး-အေးသစ္စာဦး ကြည့်မြင်တိုင် ၂၀၀၀ိ/-

မမေသင်းခိုင်၊ ကြည့်မြင်တိုင် ၂၀၀၀ိ/-

ကိုညီညီဝင်း၊ ကျောင်းကုန်း ၅၀၀၀ိ/-

စီစီလာရွယ်၊ ဗန်းမော် ၁၀၀၀၀ိ/-

ကိုအောင်ကျော်မိုးနှင့်အဖွဲ့၊ ဟင်္သာတ ၅၀၀၀၀ိ/-

ဦးအုန်းကျော်၊ မြောင်းမြ ၅၀၀၀ိ/-

ကိုနော်အောင်၊ ဗန်းမော် ၁၀၀၀၀ိ/-

ရေအလှူအတွက် ဇွန်လလယ်အတွင်း လာရောက်လှူဒါန်းရန် ပြောကြားထားသောအလှူရှင် များရှိသေးသလို မသဲသဲ (MSTF) ရေအလှူငွေကို ကောက်ခံပေးလျက်ရှိနေပါသေးသည်။

ရေအရောက်နည်းသော နေရာများကို စုံစမ်း၍ လှူဒါန်းနိုင်ရန်အတွက် ကိုထက်အောင်လင်းကိုယ်တိုင် survey ဆင်းကာ ဒေသခံများနှင့် တွေ့ဆုံမေးမြန်း ခဲ့ပါသည်။

(၃-၆-၂၀၁၂)နေ့တွင် ရေဗူး ၁၀၀ နှင့် ဒလသို့ တစ်ရက်တည်းနှင့် ၃ ခေါက်သွားနိုင်အောင် တိုင်ပင်ကာ မနက် ၅ နာရီစထွက်ရန် အစီအစဉ်ဆွဲခဲ့ကြပါ သည်။ လိုက်ပါရန် ပြောထားသော အလှူရှင်များမှ တိုက်ဆိုင်စွာပင် ထိုနေ့တွင် အကြောင်းအမျိုးမျိုးကြောင့် မလိုက်ဖြစ်သဖြင့် ကိုထက်အောင်လင်း၊ မအေးအေးငြိမ်း နှင့် ကိုဝင်းထွဋ်ဟန်တို့ (၃) ဦးသာ ရေအလှူအတွက် ချီတက်ခဲ့ကြပါတော့သည်။

လမ်းတွင် မိုးကောင်းလာသဖြင့် ဒလမြို့တွင်လည်း မိုးကောင်းနေလျှင်တော့ ရေတောင် လှူလို့ရပါ့မလားဟု စိတ်ပူပန်ခဲ့ရပါသည်။ ဒလရောက်လို့ စုံစမ်းကြည့် တော့ မနေ့ကလည်း မိုးရွာတယ်၊ ဒီနေ့ကတော့ စောစောက (၃၀)မိနစ် လောက်က မှ စရွာတာလို့ သိရပါတယ်။ နောက် စုံစမ်းထားတဲ့နေရာကို ရောက်တော့ ရေလာလှူတဲ့အကြောင်း ပြောတဲ့အခါ ဒေသခံများက ““မိုးရွာလည်း ရေလိုအပ်နေ ပါတယ်”” ဟု ပြောတဲ့အတွက် လာရကျိုးနပ်ပြီ၊ နောက်ဆို မိုးရွာလည်း သွားလှူမည် ဟု စိတ်ကျေနပ်ခဲ့ရပါသည်။

ဒေသခံတွေအပြောအရ မိုးရွာပေမယ့်လည်း ဓနိမိုးထားသောအိမ်များမှာ မိုးရေခံပေမယ့် ဓနိတွေက မသန့်၊ ရေတံလျှောက်လည်း သိပ်မရှိ၊ ရေခံစရာလည်း မလုံလောက်တဲ့အတွက် ရေက လိုအပ်နေတာပါပဲ။ ဒီလိုဖြစ်တာဟာ နာဂစ်ဖြစ်ပြီးမှ ပိုဆိုးသွားတာဖြစ်ကြောင်း၊ ယခင်က သောက်ရေကို ယခုရေသွားလှူ သောရပ်ကွက် (ရာဇသင်္ကြန်)မှ ၂၅ မိနစ်လောက် သွားကာ ခပ်ယူရကြောင်း၊ မနက် (၉) နာရီလောက် တန်းစစီလျှင် ညနေ (၅-၆) နာရီလောက်မှ အလှည့်ရကြောင်း၊ သုံးရေအတွက်လည်း ကန်များရှိနေသည့်အတွက် သိပ်မပူပင်ရကြောင်း၊ နာဂစ်ဖြစ် ပြီးနောက်ပိုင်းမှ ကန်များခန်းခြောက်သွားသဖြင့် သုံးရေပါ ရှားပါးသွားခြင်းဖြစ် ကြောင်း ပြောပြခဲ့ပါသည်။ အလှူရှင်များ အရောက်နည်းသောနေရာများမှ လိုအပ်သောအခါ ၂၀-လီတာ ဆံ့သော ဗူး (၁)ဗူးကို ၆၀၀ိ/- ကျပ်နှုန်းဖြင့် ၀ယ်ယူ သောက်သုံးရကြောင်းလည်း သိခဲ့ရပါသည်။

ဒုတိယအကြိမ်သွားရောက်ခဲ့သော ရေအလှူတော်ကို အလှူရှင်များလည်း မလိုက်ပါနိုင်ပေမယ့် ကိုယ်တိုင်လိုက်ပါသည့်အလား သိရှိနိုင်ရန် ဓာတ်ပုံများနှင့် မှတ်တမ်းတင်ကာ အသိပေးအပ်ပါသည်။ နောင်အပတ်တွေများမှာလည်း ရေအလှူကို ဆက်လက်လုပ်ဆောင်နေဦးမည် ဖြစ်ပါသဖြင့် ဆက်သွယ်လှူဒါန်းနိုင်ပါ ကြောင်း အသိပေးအပ်ပါသည်။


အုပ်မှိုင်းနေသော ၀သန်မိုးနှင့် ရေအလှူတော်

နံနက် (6း51)နာရီမှာ ရွှေပြည်သာမှ စတင်ထွက်ခွာ

မိုးတွေမှောင်လာပြီ


တံတားပေါ်ကလှမ်းမြင့်ရသော လတာပြင်

ဒလမှာ မိုးရွာနေပြီလားမိသဘူး၊ ရေတွေပေါနေပြီထင်တယ် ဒီအတိုင်းဆိုရေလှူလို့ ရပါ့မလား၊ ရေလုံလောက်နေတယ်ဆိုရင်လည်းဝမ်းသာစရာပါပဲ

ဒလမြို့သို့ (၉ မိုင် ၅ ဖာလုံ)သာ လိုပါတော့တယ်။

ဒါပိုက်လိုင်းလား၊ ဘယ်ထိရောက်တာလဲ


မိုးရွာထားသဖြင့် ပေ ၂၀ အနက်ရှိ ရေကန်ထဲမှာ ရွှံ့ရေအနည်းငယ် တွေ့ရပါပြီ။
မိုးရွာပေမယ့် ရေလိုအပ်နေပါသေးသည်။

ရေလှူတဲ့ကားလာပြီ

၁ အိမ် ၁ ပုံး ချထားပေးကြ


သောက်ရေသန့်ရရှိဖို့ သုံးရေကိုလှယ်
သမီးတို့အိမ်က ပုံးလည်း ထည့်ပေးနော် ။ ရေလို၊ မလို ကလေးတွေတောင် သိတယ်

မနက်ပိုင်းအခေါက်တွင် လူကြီးများ အိမ်မှာ မရှိပေမယ့် ပုံးကိုယ်စီနှင့် ထွက်လာကြသော ကလေးများ

သားတို့အိမ်က ဒီအိမ်အနောက်က အဖီလေး သားကိုလည်း ၁ ပုံးပေး

အားတက်သရောကူညီကြ

သားတို့လည်း ကူမယ်

သားတို့က ရေဗူးတွေကို အဖုံးပြန်ဖုံးပေးမယ် ။ ၀ိုင်းဝန်းသိမ်းဆည်း

ဒေသခံများကလည်း အားတက်သရော ကူညီခဲ့ကြပါတယ်။

မနက်ပိုင်း ဗူး (၁၀၀) လှူအပြီး နေ့လည် နောက်တစ်ကြိမ် ရေဗူး (၁၀၀) နှင့် ပြန်အရောက်
ရေဝေတဲ့နေရာသို့ တန်းစီရန် အပြေးအလွှား

ကားမောင်း၊ ရေသယ် လုပ်အားများဖြင့် ဒါနပြုတဲ့ ကိုဝင်းထွဋ်ဟန်

ဦးရာလူဆိုလို့ သောက်ရေသုံးရေအားလုံး ဒီပုံးပဲ သုံးတယ်

အရွယ်စုံ ရေသယ်ပုံ

တစ်ယောက်အားနဲ့မရပေမယ့် တစ်နိုင်သယ်ထားမှ လက်နဲ့မနိုင်ရင် ထမ်းပိုးနဲ့သယ်မယ်



ကိုယ်ဝန်နဲ့ အလေးအပင်မမရဘူးဆိုပေမယ့် သောက်ရေဆိုတော့....

ရေသန့်တွေ နှမြောစရာ



ဒုတိယ ရေအလှူတွင် တစ်ရက်တည်းဖြင့် (၃) ခေါက်၊ ဗူး ၃၀၀ လှူဒါန်းရန် စီစဉ်ထားသော်လည်း (၂) ခေါက်သာလျှင် လှူဒါန်းနိုင်ခဲ့ပါသည်။ မိုးရွာပြီဆိုပေမယ့် လည်း အသွားအပြန်လမ်းတွင် ရေအလှူကားများ တွေ့ရှိခဲ့ရပါသည်။ ဒေသခံများ ၏ ပြောကြားချက်အရ မိုးလယ်လောက်အထိကို ရေလိုအပ်ချက်ရှိကြောင်း၊ ၂-၃ ရက်လောက် မိုးပြတ်သွားတာနဲ့ သောက်ရေလိုအပ်ချက်ရှိကြောင်းလည်း သိရှိခဲ့ ရပါသည်။


မိုးတွင်း မိုးရေရရှိချိန်တွင်ပင် ရေလိုအပ်ချက်ရှိနေသေးရာ

မိုးတွင်းမဟုတ် သောကာလများနှင့်

ကန်ရေခမ်းခြောက်သောကြားကာလများတွင်

ရေလိုအပ်ချက်မှာ


?