Latest Entries »

Wednesday, July 18, 2012

ဝါဆိုသင်္ကန်းအလှူတော်နှင့် တစ်နေ့တာ




နှစ်စဉ်ဝါဆိုသင်္ကန်းကို မိဘများကပ်လှူမှသာ မိသားစုလိုက်ပေါင်းစပ်လှူဒါန်းဖြစ်ခဲ့ပါသည်။ ဒီနှစ်မှာ တော့ အလှူရှင်တစ်ဦးဖြစ်သည့် မသောင်းစိုးဦး (မင်္ဂလာဒုံ)မှ ၀ါဆိုသင်္ကန်းကပ်လှူလိုပါသဖြင့် အဆင်ပြေ အောင် ကူညီဆောင်ရွက်ပေးပါရန် တောင်းဆိုလာမှုကြောင့် လိုအပ်မည်ထင်သည့်ကျောင်းကို စုံစမ်းရာ တစ်ပတ်မျှ အချိန်ကုန်သွားပါသည်။ အလှူရှင်မှ သင်္ကန်း (၇) စုံစာ မတည်ရာ မ၀င်းမာသက် (မင်္ဂလာဒုံ)မှလည်း သင်္ကန်း (၁) စုံ၊ ကိုထက်အောင်လင်း+မအေးအေးငြိမ်းတို့မှ သင်္ကန်း (၁) စုံ၊ ကိုနေကျော်ထွန်း (မြောင်းမြ)မှ သင်္ကန်း (၁)နှင့် မအိသဲ (ဗိုလ်တထောင်)မှ အလှူငွေ ၁၀၀၀ိ/၊ မအေးစန္ဒာဝင်း (မြန်အောင်)မှ ၅၀၀ိ/- အသီးသီးပါဝင်ကာ စုစုပေါင်း သင်္ကန်း (၁၀) စုံကို 1-7-2012 (တနင်္ဂနွေနေ့)တွင် လှူဒါန်းရန် ဒဂုံမြို့သစ်ဘက် သို့ ထွက်လာခဲ့ပါသည်။

တဆင့်စကား တဆင့်သွားနှင့် ဒဂုံမြို့သစ်မြောက်ပိုင်း `တက္ကသီလာမဟာဇေယျသိဒိ ပဋ္ဌာန်းကျောင်း´ ပရိယတ္တိစာသင်တိုက် သို့ သွားရောက်လှူဒါန်းဖြစ်ခဲ့ပါသည်။ ဆရာတော်အား ၀ါဆိုသင်္ကန်းလာကပ်တာဖြစ် ကြောင်းလျှောက်ထားပြီး ၀ါဆိုသင်္ကန်းကပ်လှူရာ ဒီနှစ်အတွက် ၀ါဆိုသင်္ကန်း အလှူတော်ဟာ အခုက ပထမဆုံး အကြိမ်ဖြစ်ကြောင်း ပြောကြားတဲ့အတွက် ၀မ်းသာကြည်နူးခဲ့ရပါသည်။

အလှူအတွက် ကျောင်းရှာရန် နေ့လည် ၂ နာရီကတည်းက မြို့ထဲမှ ထွက်ခဲ့ရာ ညနေ ၅ နာရီကျော် တွင် ဘူတာရုံလမ်း(အင်းစိန်)လမ်းမှ ဘုရင့်နောင်လမ်းဘက် ဖောက်အထွက် အေးရိပ်မွန် (၄) လမ်းနားတွင် ရခိုင်ပြည်နယ်အတွင်း နေရာအိုးအိမ် ဖျက်ဆီးခံရသော ဗုဒဘာသာဝင်များ ကိုးကွယ် ဆည်းကပ်ရန် (9 လက်မ) တစ်ဆူလျှင် ၂၅၀၀ိ/- ကျပ်နှုန်းဖြင့် ဗုဒ္ဓဆင်းတုရုပ်ပွား တော်များ သွားရောက်လှူဒါန်းမည့် `တွဲလက်ဝိုင်းကူကြပါစို့´ ကြော်ငြာအား တွေ့ရှိခဲ့သဖြင့် ဆင်းတုတော် (၄)ဆူအား ၀င်ရောက်လှူဒါန်းဖြစ်ခဲ့ပါသည်။ ကျောင်းအတွင်း ၀င်သွားချိန်တွင် ညနေ ဘုရားရှိခိုးချိန်ဖြစ်သဖြင့် ခဏတာ စောင့်စားနေစဉ် အ၀တ်ထုတ်များ လာပို့သော အလှူရှင်များ တွေ့သဖြင့် အ၀တ်အစားအလှူကော လက်ခံကြောင်းသိခဲ့ရပါသည်။

အ၀တ်အစားအလှူများရှိခဲ့လျှင် လှူဒါန်းနိုင်ရန် အခါအခွင့်သလို အလှူရှင်များမှ ပေးပို့ထားသော အ၀တ်အထည်များကို စနစ်တကျ ထုတ်ပိုးလိုက်သောအခါ ဆာလာအိတ်တစ်လုံးခွဲ ရရှိသဖြင့် သွားရောက်လှူဒါန်းခဲ့ပါသည်။

နောက်ထပ် အ၀တ်အထည်လှူရန် အကြောင်းရှိပါက အကြောင်းကြားပေးပါရန် ပြောထားသော အလှူရှင်များကိုလည်း ဖုန်းဆက်အကြောင်းကြားပေးခဲ့ရာ 5-7-2012 ရက်နေ့တွင် အ၀တ်ဆာလာအိတ်တစ်လုံး စာ ရရှိသဖြင့် ထပ်မံပို့ဆောင် လှူဒါန်းခဲ့ပါသည်။

တစ်ရက်အတွင်း သင်္ကန်းအလှူ၊ ဘုရားဆင်းတုအလှူ၊ အ၀တ်အစားအလှူများကို လှူဒါန်းခွင့် ရရှိခဲ့သည့်အတွက် ပြောမပြတတ်အောင် ၀မ်းသာပီတိဖြစ်ပေါ်မိပြီး၊ လှူဒါန်းခွင့်ရရှိအောင် ကူညီအားဖြည့်ပေး သော အလှူရှင်များကို အတိုင်းမသိကျေးဇူးတင်ပါသည်။