Latest Entries »

Tuesday, January 5, 2016

ပညာပါရမီဖြည့်ဆည်းလှူဒါန်းလိုသူများ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း

(ပညာသမာ အာဘာ နတ္ထိ= ပညာနှင့်တူသော အလင်းရောင်မရှိ)
**********

ပထမအဆင့် မတည် သိန်း 20  ပြည့်သွားပြီးဖြစ်ပါကြောင်း အလှူရှင်များ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ရန် အသိပေးအပ်ပါသည်။
ဒုတိယအဆင့် သိန်း 20 တွင်လည်း ၀ိုင်းဝန်းပြီး ပါဝင်အားဖြည့်ပေးကြဖို့ အလေးအနက် ပန်ကြားအပ်ပါသည်။ အလှူရှင်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

သတ်မှတ်ကာလမှာ ၁ နှစ်ကျော်ဖြစ်ပါသည် ကုန်ကျစရိတ်စုစုပေါင်း သိန်း ၇၀ ဖြစ်ပါသည်


ပညာပါရမီဖြည့်ဆည်းလှူဒါန်းလိုသူများ အောက်ပါလိပ်စာနှင့် ဖုန်းနံပါတ်များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
ဆက်သွယ်ရန်-
စမိုင်းလ်-ပညာပါရမီ ကုသိုလ်ဖြစ်လုပ်ငန်း
ကြည့်မြင်တိုင်၊ ရန်ကုန်။
ဖုန်း- ၀၉ ၇၃၀၃ ၉၆ ၅၆။ ၀၉ ၇၉၀ ၁၃၆ ၉၉၇။ ၀၉ ၇၉၂ ၃၁၂ ၄၃၃။


မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ရေတွင်းကြီးကျေးရွာမှာ မကြာမီဆောက်လုပ်တော့မယ့် “မူလတန်းလွန်ကျောင်း” မူကြမ်းပုံလေးပါ။ “စမိုင်းလ်-ပညာပါရမီ ကုသိုလ်ဖြစ်လုပ်ငန်း”မှ ဦးဆောင်လှူဒါန်းမှာ ဖြစ်ပါတယ်။

မူလတန်းလွန်ကျောင်း ``မတည်အလှူရှင်များ´´နှင့်``လစဉ်အလှူရှင်များ´´ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

၂၀၁၆ ဇန်နဝါရီလလယ်တွင် စတင်ဆောက်လုပ်မည်ဖြစ်ပြီ ၂၀၁၆ ကျောင်းဖွင့်ရာသီအမှီ အောက်ခံ foundation နှင့် ဘေးအကာများ အပြီး ဆောက်လုပ်ရန်လျာထားပါသည်
ကျန် အခန်းဖွဲ့ခြင်းနှင့် အမိုးမိုးခြင်းများကို ဖြည်းဖြည်းချင်း ဖြည့်စွက်ကာ လစဉ်အလှူရှင်များ၏ အားဖြည့်ထောက်ပံ့မှုဖြင့် ဆောက်လုပ်သွားမည်ဖြစ်ပါသည်









0 comments: