Latest Entries »

Tuesday, May 29, 2012

ပထမအကြိမ် ရေအလှူ


အဆင်ပြေပါက အပတ်စဉ် အလှူရှင်ရှိသရွေ့ကားအကူအညီပေးဖို့ ကြိုးစားပေးမယ်ဆိုသော
ကိုချစ်သက်ခိုင် နှင့် ကိုထက်အောင်လင်း (SSSF ကို အကောင်အထည်ဖော်သူ)၊ ကိုနေကျော်ထွန်း (လုပ်အားဒါန)


ဝိုင်းဝန်းကူညီပေးခဲ့ကြသူများ

26-5-2012 နေ့က ဒလ(သမတကမ်းခြေ) တွင် 20 Liters ဆံ့ ရေဗူး ၁၀၀ကို အောင်မြင်စွာ လှူဒါန်းနိုင်ခဲ့ပါတယ်။

အလှူစတင်ဖြစ်ပေါ်လာရခြင်း
19-5-2012 နေ့ညနေက ဆိုင်သို့ စာရိုက်ရန် လာလာနေသော ဦးပဉ္ဖင်းတစ်ပါးက ဒီအပတ်တနင်္ဂနွေနေ့မှာ ဒလမှာ ရေသွားလှူမှာဖြစ်ကြောင်း အသိပေးရင်း စကားပြောဖြစ်ရာက စခဲ့တာပါ။

ဝိုင်းဝန်းအကောင်အထည်ဖော်ပေးကြသူများ
ကိုယ်တိုင်ကိုယ်ကျလှူချင်စိတ်ဖြစ်ပေါ်လာပြီးနောက် အများကောင်းမှုပါ ပါဝင်ပါက ပိုထိရောက်စွာ လှူနိုင်မည်ဟု စိတ်ကူးဖြင့် အသိမိတ်ဆွေများအား လှုံ့ဆော်ကောက်ခံခဲ့ရာ
အရှင်ဝိသုတ၊ ဗြူးကုန်း 2000
ကိုထက်အောင်လင်း+မအေးအေးငြိမ်း၊ SSSF 10000
မသောင်းစိုးဦး၊ မင်္ဂလာဒုံ 10000
မ၀င်းစန္ဒာအေး၊ မြေနီကုန်း 10000
ဒေါ်ကြည်ကြည်အေး၊ မြောင်းမြ 10000
ကိုရဲထွဋ်၊ ပြည် 10000
မ၀င်းမာသက်၊ မင်္ဂလာဒုံ 10000
မမြသဇင်၊ ကန်လမ်း 5000
ဒေါ်မြရွှေ အေးရိပ်မွန်(၄)လမ်း 5000
ကိုကျော်စွာမြင့်၊ အလုံ 2000
မညိုမီ၊ MSTF 2000
တို့မှ သဒ္ဒါတရားထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြပါသည်။

အခက်အခဲများလည်း ရှိပါသည်။
အလှူရှင်များထံမှ အလှူငွေများ ရရှိပြီးနောက် ရေနှင့် သယ်ပို့ရန် ကားများကို စတင်စုံစမ်းရပါတော့သည်။ ရေအတွက်ကတော့ အဆင်ပြေသလောက် ဖြစ်သွားပါသည်။ အပြင်မှာ 300၊ 270၊ စသဖြင့် ဈေးအမျိုးမျိုးရှိရာ ရွှေပြည်သာမြိ့နယ် မြယမုန်သောက်ရေသန့်မှ တစ်ဗူးလျှင် 200 နှုန်းဖြင့် ပေးမည်ဟု သိရသဖြင့် ၀မ်းသာရပါသည်။
နောက် ကား-ကားက ငှားမည်ဆိုလျှင် 35000 ခွဲက အနည်းဆုံးဟု သိရပါသည်။ ရေဗူး 130 ဆံ့မည်။ လူနှစ်ယောက်သာ လိုက်လို့ရပါမည်။ အချိန်က နေ့တစ်ဝက်စာဖြစ်ပါသည်။ လမ်းမှာ ကားတစ်ခုခု ဖြစ်က လှူဒါန်းသူများက ခံရပါမယ်။ အချိန်က သတ်မှတ်ချိန်ထက် နောက်ကျက ကျသင့်ငွေထက် ပိုပေးရပါမည်။ စကားပုံတစ်ခုလို ထမ်းပိုးထက် လက်ခကြီးဆိုတာကို သတိရမိပါသည်။ စုစုပေါင်း တွက်ကြည့်လိုက်တော့ ရေတစ်ဗူးလျှင် ကျသင့်ငွေ 550 အနည်းဆုံးဖြစ်နေသဖြင့် အတော် အကျပ်ရိုက်သွားခဲ့ပါသည်။

ရေအလှူတော် အောင်ပါပြီ
26-5-2012 နေ့အတွက် ရေသန့်ကို ရွှေပြည်သာမြိ့နယ် မြယမုန်သောက်ရေသန့်မှလည်း အလှူတွင် ပါဝင်သောအနေဖြင့် တစ်ဗူးလျှင် 200 နှုန်းဖြင့် ပေးခဲ့သလို ကိုချစ်သက်ခိုင်မှလည်း ကားအကူအညီပေးခဲ့ပါတယ်။ ဒါကြောင့် ရေဗူး ၁၀၀ အတွက် ကုန်ကျငွေ 20000 သာလျှင် ကုန်ကျပြီး အလှူရှင်များ၏အလှူငွေများ ကျန်ရှိနေပါသေးသည်။

ဆက်လက်လုပ်ဆောင်သွားမည့်ရေအလှူ
ကိုချစ်သက်ခိုင်မှ ကားအလှူကို အပတ်စဉ် ကူညီနိုင်ရန်အတွက် စီစဉ်ပေးမည်ဟု ဆိုလာသောကြောင့် ၀မ်းသာမိပါတယ်။ နောက်အပတ်များတွင်လည်း ဆက်တိုက်လှူဒါန်းသွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
3-6-2012 နေ့တွင်လည်း ရေဗူး 300 နှင့် အထက် သွားရောက်လှူဒါန်းရန် အစီအစဉ်များ ဆောင်ရွက်လျက်ရှိပါသည်။ အလှူရှင်များကိုယ်တိုင် လိုက်ပါလိုပါကလည်း လိုက်ပါနိုင်ပါသည်။ လိုက်ပါရန်လည်း ဖိတ်ခေါ်အပ်ပါသည်။

ဆက်သွယ်စုံစမ်းရန်
လှူဒါန်းလိုသူများ 09 730 39656 သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းနှင့် ကိုယ်တိုင်လိုက်ပါလိုကလည်း လိုက်ပါလှူဒါန်းနိုင်ကြောင်း အသိပေးအပ်ပါသည်။
မေးလ်ပို့လိုသူများအတွက် ayeshew06@gmail.com, smilecountries@gmail.com
သို့ ဆက်သွယ်မေးမြန်းစုံစမ်းလှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

တခြားအလှူရှင်များရဲ့အလှူကိုလည်း တွေ့ရပါတယ်။