Latest Entries »

Wednesday, April 27, 2016

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ခတ္တိယကျေးရွာတွင် ဖွင့်လှစ်နေသည့် ယဉ်ကျေးလိမ္မာသင်တန်းအတွက် အလှူရှင်များ လှူဒါန်းနိုင်ရန် နှိုးဆော်အသိပေးအပ်ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ခတ္တိယကျေးရွာတွင် ဖွင့်လှစ်နေသည့် ယဉ်ကျေးလိမ္မာသင်တန်းအတွက် အလှူရှင်များ လှူဒါန်းနိုင်ရန် နှိုးဆော်အသိပေးအပ်ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ခတ္တိယကျေးရွာတွင် ပထမဆုံးအကြိမ် ယဉ်ကျေးလိမ္မာသင်တန်းကို စမိုင်းလ်ပညာပါရမီ၊ ကုသိုလ်ဖြစ် နှင့် ခတ္တိယကျေးရွာ၊ ဇေယျသုခကျောင်း  မှ ဆရာတော်တို့ ပူးပေါင်းကာ 27-4-2016 နေ့မှ 12-5-2015 နေ့အထိ 15 ရက်သင်တန်း ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။ 26-4-2016 နေ့တွင် လက်ခံထားသော ကျောင်းသားအရေအတွက်မှာ 58 ယောက်ဖြစ်ပြီး 27-4-2016 တွင်လည်း ကျောင်းသားသစ်များ ဆက်လက်လက်ခံလျက်ရှိကြောင်း သိရပါသည်။
ကလေးများအတွက် အာဟာရဒါနကို တစ်ရက်လျှင် နှစ်သောင်းနှုန်းသတ်မှတ်ထားပြီး ကျောင်းဆင်းပွဲတွင်လည်း ဆုများကို အမျိုးအစားအလိုက် ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးရန် ရည်ရွယ်ထားပါသည်။
လှူဒါန်းလိုသော အလှူရှင်များ ကိုယ့်တစ်နိုင် လှူဒါန်းနိုင်ပါကြောင်း အကြောင်းကြားအပ်ပါသည်။
လှူဒါန်းလိုပါက 09790136997 နှင့် 0973039656 သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။
ကလေးများအတွက် လိုအပ်သော သင်ရိုးညွှန်းတမ်းစာအုပ်၊ ဗီနိုင်း၊ အောင်လက်မှတ်နှင့် ဗလာစာအုပ်တို့ကို ကိုထက်အောင်လင်း+မအေးအေးငြိမ်း မိသားစုတို့မှ ပံ့ပိုးပေးထားပြီးဖြစ်ပါသည်။