Latest Entries »

Sunday, March 31, 2013

သရက်မြို့သို့ တစ်ရက်ခရီး


၂၈-၃-၂၀၁၃ နေ့ ည ၇း၀၀ ကားဖြင့် သရက်သို့ စတင်ထွက်ခွာခဲ့ပါသည်။ မနက် ၄ နာရီစွန်းစွန်းလောက်တွင် သရက်ကို ရောက်ကာ တခဏ နားပြီး သရက်မြို့ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ကာ မနက် ၈း၃၀ တွင် မြို့နယ်သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသော ပထမအကြိမ် နွေရာသီယဉ်ကျေးလိမ္မာနှင့် အင်္ဂလိပ်စာ သင်တန်းကို သွားရောက်လေ့လာခဲ့ပါသည်။ ကလေးသူငယ် ၆၀၀ ကျော် ၇၀၀ ၀န်းကျင်ခန့်ရှိကြောင်း၊ ကလေးသူငယ်အရွယ်အလိုက် ၂ တန်းခွဲကာ သင်ကြားနေသည်ကိုလည်း တွေ့ရှိခဲ့ရပါသည်။

 
          

         
  
         


၉း၃၀ ထိ သင်ကြားမှုများကို လေ့လာကာ တည်းခိုရာ ရှစ်မျက်နှာစာသင်တိုက်သို့ ပြန်လာခဲ့ပါသည်။
ကလေးများ ခုံရွှေ့နေသည်ကို တွေ့ရသဖြင့် မေးကြည့်ရာ ၂၉-၃-၂၀၁၃ နေ့တွင် ကလေးများ စာမေးပွဲစစ်သည့်နေ့ဖြစ်ကြောင်း၊ စာမေးပွဲအချိန်မှာ နေ့လည် ၁ နာရီမှ ၄ နာရီထိ ဖြစ်ကြောင်း၊ စာမေးပွဲမှာ နှုတ်ဖြေနှင့်ရေးဖြေ ၂-မျိုးခွဲထားကာ အသက်ငယ်သောကလေးများမှာ နှုတ်ဖြေဖြေရမည်ဖြစ်ပြီး အသက်ကြီးသောကလေးများက ရေးဖြေဖြေဆိုရမှာဖြစ်ကြောင်း၊ စတင်သင်ကြားစဉ်က ကျောင်းသား ၃၀၀ ၀န်းကျင်ရှိကြောင်း၊ စာမေးပွဲဖြေနိုင်သောအရွယ်မှာ ၂၀၀ စွန်းစွန်းသာရှိကြောင်း၊
၃၀-၃-၂၀၁၃ နေ့တွင် ပျော်ပွဲရွှင်ပွဲဖြစ်ပြီး ၁-၄-၂၀၁၃ နေ့တွင် ဆုပေးပွဲဖြစ်သည်ကိုလည်း သိခဲ့ရပါသည်။

 

စတုတ္ထအကြိမ်မြောက်
ရှစ်မျက်နှာပရိယတ္တိစာသင်တိုက်
နွေရာသီယဉ်ကျေးလိမ္မာနှင့်အင်္ဂလိပ်စာသင်တန်း
၁၀-၃-၂၀၁၃ မှ ၃၁-၃-၂၀၁၃ ထိ
နေ့လည် (၁၂)နာရီမှ (၃း၃၀)နာရီထိ 


      

    
    
စာမေးပွဲအဖြေမီ ပြန်လည်လေ့လာနေသော ကလေးငယ်များ
 
 
                                                                   စာမေးပွဲဖြေပြီး အတန်းမဆင်မီ 
                                                                   ဘုရားရှိခိုးရန် အသင့်ဖြစ်နေသော
                                                                   ကလေးများ


ရောက်ရှိခဲ့သောသရက်မြို့အနီးတ၀ိုက်
  
    
ဘိလပ်မြေစက်ရုံ


         

သစ်ရိပ်များဖြင့် အေးချမ်းလှသော အောင်မင်္ဂလာစာသင်တိုက်
       
ရွှေသက်လွတ်ဘုရားမှ မြင်တွေ့ရသော ရှုမျှော်ခင်း

      
မြခဲတောင်တောရ


သင်တန်းကာလပုံရိပ်များ