Latest Entries »

Sunday, February 7, 2016

မူလတန်းလွန်ကျောင်းအတွက် ဇန်န၀ါရီလအတွက် အလှူရှင်များ


မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ရေတွင်းကြီးကျေးရွာမှာ ဆောက်လုပ်မည့် မူလတန်းလွန်ကျောင်းအတွက် ဇန်န၀ါရီလအတွက် အလှူရှင်များ
(အလှူငွေများ လိုက်လံကောက်ခံရန် အလှူရှင်များ ကျန်ပါသေးသည်)

၂၀၁၆ ဇန်နဝါရီလလယ်တွင် စတင်ဆောက်လုပ်မည်ဖြစ်ပြီး ၂၀၁၆ ကျောင်းဖွင့်ရာသီအမှီ အောက်ခံ foundation နှင့် ဘေးအကာများ အပြီး ဆောက်လုပ်ရန်လျာထားပါသည်။


ကျန် အခန်းဖွဲ့ခြင်းနှင့် အမိုးမိုးခြင်းများကို ဖြည်းဖြည်းချင်း ဖြည့်စွက်ကာ လစဉ်အလှူရှင်များ၏ အားဖြည့်ထောက်ပံ့မှုဖြင့် ဆောက်လုပ်သွားမည်ဖြစ်ပါသည်။ အလှူကာလမှာ ၁-နှစ်ကျော်မည်ဖြစ်ပြီး စမိုင်းလ်ပညာပါရမီ၊ ကုသိုလ်ဖြစ်မှ အားဖြည့်ပေးမည့် ပညာပါရမီ စုစုပေါင်းမှာ သိန်း ၇၀ ဖြစ်ပါသည်။

0 comments: