Latest Entries »

Saturday, August 15, 2015

ရေဘေးအတွက်ဆိုလျှင်.......တတ်စွမ်းသရွေ့

ဒီနေ့ (15-8-2015) ဧရာဟင်္သာမှာ ဆန်အိတ် 70 ထပ်မံဝယ်ယူကာ သရက်တော(တောင်)ရပ်ကါက် ပြည်လုံးချမ်းသာဓမ္မာရုံတွင် ဆန်အိတ်များချရန် လူစီစဉ်ထားသော်လည်း ဆန်အိတ်ရောက်ချိန်တွင် အကြောင်းအမျိုးမျိုးကြောင့် ကူညီပေးမည့်သူများနှင့် လွဲချော်သွားခဲ့ပါသည်။ ဆန်ကားနှင့်ကိုယ်၊ ကားဆရာနှင့်သာ ကျန်ပါတော့သည်။ ဆန်အိတ် 70 ကို ကားပေါ်မှချဖို့ လူရှာရပါပြီ။ ဘေးမှဖြတ်သွားသော ပုလင်းဝယ်လှည်းလေးနဲ့ကောင်လေး၊ ကားများကို ရေသန့်ဘူးရောင်းနေသော ကောင်လေးတို့ကို ရေဘေးအတွက် ဆန်အိတ်လေးများ ကားပေါ်မှ ဓမ္မာရုံသို့ ထည့်ချင်လို့ပါဟု ပြောလိုက်ရာ ရေဘေးဆိုတာနဲ့ လုပ်အားဒါနကူညီကြပါတယ်။ ကားပေါ်မှ ချပေးဖို့ကတော့ ကိုယ့်တာဝန်ပေါ့လေ။ ကိုယ်က ကားပေါ်ကချ သူတို့က သယ်နေတုန်း အစပိုင်းမှာပဲ ကားဘေးနားမှ လူငယ်လေး ၅-ယောက် ဖြတ်သွားပါတယ်။ ခဏပါပဲ ပြန်လှည့်လာပြီး ချမယ့်ဆန်အိတ်က ဒါအကုန်လားဟု မေးရာ ဟုတ်ပါတယ်လို့ ပြန်ဖြေအပြီး ``ကဲ-၀ိုင်းချပေးလိုက်ရအောင်´´ဆိုပြီး အားလုံးပေါင်း ၈ ယောက် ၀ိုင်းချပေးလိုက်ရာ ဆန်အိတ် 70 မှာ မိနစ်အနည်းငယ်အတွက် ကားပေါ်မှ ချပြီးသွားပါတော့တယ်။ တကယ့်ကို ကျေးဇူးတင်မိပါတယ်။ သူတို့လေးတွေ ပင်ပင်ပန်းပန်း လုပ်အားဒါနပြုထားပေမယ့် လက်ဖက်ရည်၊ အအေးလေးသောက်ဖို့ မုန့်ဖိုးပေးရာ မယူကြပြန်ပါဘူး။ ကူညီတာပါတဲ့။ ပရဟိတစိတ်ဓာတ်နှင့်လူငယ်လေးများပါပဲ။









0 comments: