Latest Entries »

Friday, August 14, 2015

ရွှေတောင်မြို့နယ် ရှားပင်ကုန်းအုပ်စု ရေဘေးအလှူတော်

ရွှေတောင်မြို့နယ် ရှားပင်ကုန်းအုပ်စု
အင်းမနဲ့ရွှေတောင်ကြား ၊ ၀ါးတောဝါးလယ်၊ ၀ါးတောသာဂိတ်လမ်းဆုံမှဝင်ကာ
ကား(ကုန်ပါလျှင် ၂ နာရီ၊ ကုန်မပါလျှင် ၁ နာရီကျော်ကျော်)ဖြင့်
ဧရာဝတီမြစ်ကမ်းဘေး ကွေ့မရွာကမ်းနားမှာ ကားထားပြီး
စက်လှေဖြင့် မိနစ် (၃၀)ခန့် ဧရာဝတီမြစ်လယ်ရှိ ကျွန်းပေါ်ရွာကလေးဖြစ်ပါသည်။
ရေတက်စဉ်က 10 ပေခန့်ရှိပြီး ယခုအခါ ရေပြန်ကျသွားသော်လည်း
အလှူရှင် ၃ ဦးသာ ရောက်သေးကြောင်း၊ အိမ်ထောင်စု (၁၄၀) ခန့်ရှိကြောင်း
သိခဲ့ရပါသည်။
စမိုင်းလ်ပညာပါရမီ၊ ကုသိုလ်ဖြစ်အဖွဲ့မှ ရှားပင်ကုန်းရွာသို့ ဆန်အိတ် ၂၀ နှင့် ရေသန့် ကတ် 60 တို့ကို   13-8-2015 နေ့တွင် သွားရောက်လှူဒါန်းပေးခဲ့ပါသည်။

မနက်ဖြန် 15-8-2015 နေ့တွင် သာပေါင်းမြို့နယ် စတင်သွားရောက်လှူဒါန်းတော့မည်ဖြစ်ကြောင်း အလှူရှင်များအား အသိပေးအပ်ပါသည်။ ယနေ့တွင် ဆန်အိတ် 70 ထပ်မံဝယ်ယူထားပြီး Alpine နှင့် SamPar Oo တို့တွင် ရေသန့်များ ထပ်မံလျှောက်ထားပြီးဖြစ်ကြောင်း လည်း အလှူရှင်များအား အသိပေးအပ်ပါသည်။
အလှူရှင်များတွင် facebook account ရှိသူများ စမိုင်းလ်ပညာပါရမီ၊ ကုသိုလ်ဖြစ်အဖွဲ့၏ account ဖြစ်သော aye.nyein.547 ကို တစ်ချက်အောက် add ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။





























0 comments: