Latest Entries »

Wednesday, March 19, 2014

ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေသော်။

ဒီနေ့ ဆယ်တန်းစာမေးပွဲနောက်ဆုံးနေ့၊ အိမ်မှာ ခေါ်ယူကာ ပညာပါရမီဖြည့်ဆည်းပေးထား သော ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ လက်ပန်ချောင်ကျေးရွာအုပ်စု၊ တန်းလျား ကျေးရွာ နေ (ဘ) ဦးစိုးသန်း၏သမီး မနှင်းနှင်းစိုး လည်း အောင်မြင်စွာ ဖြေဆိုနိုင်သည့်အတွက် ၀မ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။
ဘ၀မှာ ရုန်းကန်လာရင်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ယခုလို အလှူတွေ(ပညာပါရမီ ဖြည့်ဆည်းမှုများ၊ ရေ၊ အ၀တ်အထည်၊ စာကြည့်တိုက်၊ ကျန်းမာရေး အစရှိသည့် ကုသိုလ်ဖြစ် လုပ်ငန်းများ)ကို လုပ်နိုင်အောင် ကြိုးစားမယ်လို့ စိတ်မှာ စွဲမြဲစွာ မှတ်ယူထားခဲ့တဲ့ စိတ်ကူးဟာ လက်တွေ့ဖြစ်လာတဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်။  
အခုလို အလှူတိုင်း လှူဖြစ်အောင်လို့ ငွေအား၊ လူအား တစ်တပ်တစ်အား ၀ိုင်းဝန်းဖြည့်ဆည်း သူများကိုလည်း အထူးပင် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်။

    

    

 






0 comments: