Latest Entries »

Wednesday, March 12, 2014

မကွေးတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ယဉ်ကျေးလိမ္မာသင်တန်းအတွက် အလှူငွေရှင်းတမ်း

ပထမဆင့်သင်ရိုးညွှန်းတမ်း ၂၂၅ အုပ်အတွက် ကိုဝင်းသိန်းထွဋ်+ဇနီး မတင်ဌေးလှိုင်၊ သမီး ဇင်မြင့်မိုရ်သိန်းထွဋ်၊ သား-ခန့်ဇေသိန်းထွဋ်မှ ၁၀၇၀၀၀ိ/- ကျပ် ပညာပါရမီဖြည့်ဆည်းပေးခဲ့သလို ဒုတိယအဆင့် ၂၂၅အုပ်အတွက် ကိုမျိုးဟိန်းဇော်မိသားစု၊ တောင်ဥက္ကလာမှ ၁၃၀၅၀၀ိ/- ဖြင့် ပညာပါရမီ ဖည့်ဆည်းပေးခဲ့ပါသည်။ 
အလားတူပင် စမိုင်းလ်ပညာပါရမီကုသိုလ်ဖြစ်လုပ်ငန်းမှ နှစ်စဉ်လှူဒါန်းနေကျ ဖြစ်သော တစ်အုပ်လျှင် ၁၂၅ိ/-တန်ဖိုးရှိ မှတ်စုစာအုပ်(ဗလာစာအုပ်) ၂၀၄ အုပ်နှင့် ကောက်ခံရရှိသော အလှူငွေများမှ သင်တန်းအတွက်လိုအပ်သော တတိယဆင့် သင်ရိုးညွှန်းတမ်း ၁၀ အုပ်၊ ဘောက်ချာစာအုပ် ၁၀-အုပ်၊ အောင်လက်မှတ် အခု ၁၀၀၊ ဂုဏ်ပြုလွှာ အခု ၁၀၀၊ ဗီနိုင်း (၄ပေခွဲ x ၃ပေခွဲ) ၆-ချပ်၊ (၅ပေx၃ပေ) ၂-ချပ်၊ (၂ပေx၇ပေ) ၁-ချပ် တို့အား ၁၂-၃-၂၀၁၄ နေ့တွင် သင်တန်းမှူး ဆရာတော် ဦးဝိလာသ သို့ လက်ရောက် ပေးအပ်ခဲ့ပါကြောင်း သာဓုအနုမောဒနာခေါ်ဆိုနိုင်ကြရန် အသိပေးအပ် ပါသည်။



0 comments: