Latest Entries »

Sunday, March 17, 2013

အမှတ်တမဲ့မှအမှတ်တရအဖြစ်သို့



၁၃-၃-၂၀၁၃ ရက်နေ့ ညတွင် သွေးကင်ဆာဖြင့် ဆေးကုသမှုခံယူနေသော ဆရာဖြစ်သူကို လူနာစောင့်အနေဖြင့် လာရောက်စောင့်ရှောက်နေသော ကိုဝင်းဇော်မှ ဆေးရုံတက်နေသူတစ်ဦးမှာ ငွေကြေးအခက်အခဲလိုအပ်နေပါသဖြင့် သူ့တွင်ပါလာသော ဖုန်းကတ်ကိုထားကာ ငွေ ၁၅၀၀၀ိ/-လောက် အလိုရှိနေသည်ဟု လှမ်းအကြောင်းကြားပါသည်။ ငွေ ၁၅၀၀၀ိ/-ဆိုလျှင် ဖုန်းကတ်မလိုအပ်ကြောင်း၊ လာရောက်ကာ အကြောင်းစုံပြောပြရန် ကိုထက်အောင်လင်းမှ ပြန်လည် ဖြေကြားလိုက်ပါသည်။ ၁၄-၃-၂၀၁၃ နေ့မနက်အစောပိုင်းတွင် ကိုဝင်းဇော် ရောက်ရှိလာကာ သွေးဌာနတွင် လာရောက် ကုသခံယူနေသော အမျိုးသားတစ်ဦးမှာ ပြန်ရန်အတွက် ငွေကြေးအခက်အခဲရှိနေသဖြင့် ကူညီနိုင်က တတ်နိုင်သလောက် ကူညီပေးရန်၊ ရောဂါကလည်း မသက်သာသေး၊ ကုသစရိတ်ကလည်း ပြတ်သွားသဖြင့် အသိများဆီဖုန်းဆက်ရန်လည်း အခက်အခဲရှိနေကြောင်း သိရှိခဲ့ရာမှ ကိုထက်အောင်လင်းမှ ၁၅၀၀၀ိ/- ပေးကာ ကူညီလိုက်သည်။ လိုအပ်နေချိန်မှာ ကိုယ်လည်း အဆင်ပြေနေချိန်မှာ ပြန်ပေးရန်ပေးခြင်းမဟုတ်၊ လှူဒါန်းခြင်းဖြစ်ကြောင်းပြောကာ ကိုဝင်းဇော်မှတဆင့် ပေးအပ်ခဲ့သည်။ ၁၅-၃-၂၀၁၃ နေ့မနက်အစောပိုင်းတွင် ကိုဝင်းဇော်မှ ဖုန်းဆက်အကြောင်းကြားလာသည့်စကားကြောင့် အမှတ်တမဲ့မှ အမှတ်တရအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ ငွေထောက်ပံ့ခဲ့သောလူနာမှာ အရေးပေါ်အခြေအနေပေါ်ပေါက် လာသဖြင့် ပေးလိုက်သော ငွေ ၁၅၀၀၀ိ/-ဖြင့် သွေး ၂ ပုလင်းသွင်းကာ အရေးပေါ်အခြေအနေကို ကျော်လွှားနိုင်ခဲ့ကြောင်း ကြားသိရသဖြင့် ကိုယ်ပေးလိုက်စဉ်က အဆင်ပြေပါစေဟု စိတ်ကလေးတစ်ခါဖြင့် ပေးလိုက်သော်လည်း သူတစ်ပါးအတွက် ကြီးစွာသောအကျိုးကျေးဇူးခံစားလိုက်သဖြင့် လူနာရှင်များက ၀မ်းသာကာ ကျေးဇူးတင်စကားပြောလိုသည် ဆိုသောကြောင့် ကိုဝင်းဇော်မှ ဖုန်းဆက်ကာ အကြောင်းကြားပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

0 comments: