Latest Entries »

Saturday, April 14, 2012

SSSF-ဆိုသည်မှာ

30-10-2011 မှ စတင်ကာ SMILE: ပညာပါရမီ၊ ကုသိုလ်ဖြစ်လုပ်ငန်း {SMILE SCHOLASTIC AND SOCIAL-WELFARE FOUNDATION (SSSF)} ကို စတင် အကောင်အ ထည် ဖော်သည်။ ယခင်ကတည်းက လုပ်ဆောင်ရန် စိတ်ဝင်စားပါသဖြင့် ပဒေသာပင်အနေဖြင့် စုဆောင်းထားသောငွေကြေးများကို အခြေခံကာ အကြောင်းတိုက်ဆိုင်လာချိန်တွင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ယခု သီရိလင်္ကာ တွင် PhD-အတွက် ကျမ်းပြုနေသော ရဟန်းတော် တစ်ပါးအား December, 2011 မှစတင်ကာ သုံးနှစ်တာ ကာလအတွက် ပညာသင်စရိတ်အဖြစ် တစ်လလျှင် ကျပ်တစ်သိန်းကို လစဉ်လှူဒါန်းလျှက်ရှိသည်။ ပညာပါရမီ ကုသိုလ်ဖြစ်လုပ်ငန်းအဖြစ် စတင်လိုက်ခြင်းလည်း ဖြစ်ပါသည်။ ထိုပြင် ဘာသာရေးနှင့် လူသားချင်းစာနာမှု စသော ကဏ္ဍလေးမျာကိုလည်း (SSSF) မှ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။ ပညာပါရမီ ကုသိုလ်အတွက် တစ်လချင်းစီစနစ်ဖြင့် လှူဒါန်းခြင်းဖြစ်ပြီး လစဉ်ဖြစ်စေ၊ တစ်လ တည်းဖြစ်စေ၊ သို့မဟုတ် မိမိတို့စွမ်းနိုင်သ၍ဖြစ်စေ လှူဒါန်းနိုင်ပါသည်။ လစဉ် ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ရန်ကုန်မြို့တွင်ရှိ အလှူရှင်များထံမှ အလှူငွေများကို လိုက်လံကောက် ခံလျက်ရှိပါသည်။ နယ်မှ အလှူရှင်များလည်း ဆက်သွယ်နိုင်ပါသည်။ အမှန်တကယ် လိုအပ်နေသော လူသားချင်းစာနာမှု လုပ်ငန်းများ အတွက်လည်း ဆက်သွယ်နိုင်ပါသည်။ လုပ်ဆောင်ချက်များနှင့် အလှူရှင်စာရင်းများကို အများ သိရှိနိုင်ရန် ဖော်ပြသွားမည်ဖြစ်ပါသည်။ အသေးစိတ်သိလိုပါက ayeshew06@gmail.com, Ph: 09 7303 96 56 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

0 comments: