Latest Entries »

Saturday, April 14, 2012

အဓိဋ္ဌာန်

သင်သေသွားသော်

လူ့ပြည်လောက လူ့ဘ၀ကား

အိုရနာရ သေရဦးမည်

မှန်ပေသည်တည့်…။

သို့တပြီးကား.....

သင်သေသွားသော်

သင်ဖွားသောမြေ၊ သင်တို့မြေသည်၊

အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊ စာစကားလည်း၊

ကြီးပွားတိုးမြင့် ကျန်ကောင်းသင့်၏။

သင်ဦးချ၍

အမျှဝေရာ စေတီသာနှင့်၊

သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း

ပြောင်းလျက်ဝင်းလျက် ကျန်စေသတည်း။

(ဇော်ဂျီ)

0 comments: