(၂၀၁၃
ခုနှစ် ဇွန်လ)
Latest Entries »
Sunday, July 28, 2013
ပညာပါရမီဖြည့်ဆည်းမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ လက်ပန်ချောင်ကျေးရွာအုပ်စု၊ တန်းလျား
ကျေးရွာ နေ (ဘ) ဦးစိုးသန်း၏သမီး မနှင်းနှင်းစိုးသည် အမှတ် (၁) အခြေခံပညာအထက်တန်း
ကျောင်း၊ ကျောင်းကုန်းမြို့၊ ကျောင်းကုန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင်
ပညာသင်ကြားခဲ့ သူတစ်ဦးဖြစ်ပါသည်။
အဖ ဦးစိုးသန်းမှာ ကျန်းမာရေး မကောင်းပါသဖြင့် မိသားစုစားဝတ်နေရေး
ကြပ်တည်းခဲ့ ကြောင်း၊ မနှင်းနှင်းစိုးမှာ မိဘများအခြေ အနေကြောင့် (၁၀) တန်းကို
အဆင်ပြေစွာ တက်ရောက် နိုင်ရန်မှာ အမှန်တကယ် ခက်ခဲနေကြောင်း ကြားသိခဲ့ရပါသည်။
မနှင်းနှင်းစိုးသည် ကျောင်းနေစဉ်တွင် အကျင့်စာရိတ္တ၊ ကျောင်းစည်းကမ်း၊ လိုက်နာပြီး
ပညာထူးချွန်သူ တစ်ဦးဖြစ်ကြောင်း၊ နှစ်စဉ် ပထမ (သို့မဟုတ်) ဒုတိယဆုဖြင့်
ထူးချွန်စွာ အောင်မြင် ခဲ့သူတစ်ဦးဖြစ်ကြောင်း ဆရာ/ဆရာမများမှလည်း
ထောက်ခံပေးခဲ့ပါသည်။
မနှင်းနှင်းစိုး၏
ထူးချွန်ဆုမှတ်တမ်း
၁။
တတိယတန်း
ဒုတိယ ၂၀၀၆-၂၀၀၇
၃-၁-၂၀၀၈
၂။
စတုတ္ထတန်း
ဒုတိယ
၂၀၀၇-၂၀၀၈ ၆-၂-၂၀၀၉
၃။
ပဉ္စမတန်း
ဒုတိယ
၂၀၀၈-၂၀၀၉ ၅-၁-၂၀၀၉
၎။
ဆဋ္ဌမတန်း
ပထမ
၂၀၀၉-၂၀၁၀
၂၂-၁၂-၂၀၁၀
၅။
သတ္တမတန်း
ပထမ
၂၀၁၀-၂၀၁၁
၂၇-၁-၂၀၁၂
၆။
သတ္တမတန်း
အင်္ဂလိပ်စာ(ဒုတိယ)
၂၀၁၀-၂၀၁၁ ၂၇-၁-၂၀၁၂
၇။
အဋ္ဌမတန်း
ပထမ
၂၀၁၁-၂၀၁၂
၂၀-၁၂-၂၀၁၂
၈။
န၀မတန်း
ဒုတိယ
၉။
နွေရာသီဗုဒ္ဓဓမ္မသင်တန်း ပထမဆင့် (၅၀)
၂၀၁၀ ၃-၅-၂၀၁၀
၁၀။
နွေရာသီဗုဒ္ဓဓမ္မသင်တန်း တတိယဆင့် (ပဉ္စမ)
၂၀၁၂ ၂-၅-၂၀၁၂
၁၁။
နွေရာသီဗုဒ္ဓဓမ္မသင်တန်း တတိယဆင့် (ပထမ)
၂၀၁၃ ၇-၅-၂၀၁၃
ရပ်ရွာလူကြီးများ၊ ကျောင်းဆရာ/ဆရာမများနှင့် နွေရာသီဗုဒ္ဓဓမ္မသင်တန်း
သင်ကြားပေး သော ဆရာတော်များ၏ ထောက်ခံမှုများကြောင့် ပညာရည်ထူးချွန်သူ
မနှင်းနှင်းစိုးအား ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ဗဟိုလမ်းနှင့်
ရွာမကျောင်းလမ်းထောင့်ရှိ ICEC Private School တွင် ၂၇-၅-၂၀၁၃ ရက်နေ့မှ စတင်ကာ
တက်ရောက်ပညာသင်ယူလျက်ရှိပါသည်။ ကျောင်းလခမှာ တစ်လလျှင် (၁၀၀၀၀၀ိ/-)
ဖြစ်ပါသည်။
လူငယ် တစ်ယောက်၏ ကြိုးစားမှု၊ ကျောင်းတက်ချင်သောစိတ်၊ ဖြစ်ချင်သော
ရည်မှန်းချက် များ အထမြောက် အောင်မြင်မှု ရရှိစေရန်အတွက်
တစ်ထောင့်တစ်နေရာမှ ၀ိုင်းဝန်းပံ့ပိုးဖြည့်ဆည်း ပေးနိုင်ကြပါရန်
အလှူရှင်များအား ဖိတ်ကြားအပ်ပါသည်။
မိဘများနှင့်အတူ၊ မနှင်းနှင်းစိုး၏ နေအိမ်
ဆရာတော်
ဦးတိလောကနှင့်အတူ မိဘများအား သွားရောက်တွေ့ဆုံစဉ်
သင်ကြားပေးခဲ့သော
ဆရာအား မနှင်းနှင်းစိုး၏ ပညာရေးအတွက် သွားရောက်ဆွေးနွေးကြစဉ်
မနှင်းနှင်းစိုး၏ မိသားစုအနေအထား၊ ပညာရေးထူးချွန်မှုမှတ်တမ်းတို့ဖြင့် ICEC Private
School တွင် ကျောင်းလခလျှော့ချပေးနိုင်ရန် စာတင်တောင်းဆိုခဲ့ရာ ၂၆-၇-၂၀၁၃
နေ့မှစတင်ကာ ကျောင်းမှ တစ်လလျှင် လစာ ၁၀၀၀၀၀ိ/- အစား ၇၀၀၀၀ိ/- သာ
ပေးသွင်းရတော့မည်ဖြစ်ကြောင်း အကြောင်းကြားလာခဲ့ပါသည်။ စတင်ကျောင်းလခပေးသွင်းသော
ဇွန်လမှစကာ အကျိုးဝင်ကြောင်း လည်း ပြောကြားလာသဖြင့် အားလုံးကို
အထူးကျေးဇူးတင်ပါကြောင်း ပြောကြားအပ်ပါသည်။
အလားတူပင်
ဧရာဝတီတိုင်း ဒေသကြီး၊ သာပေါင်းမြို့နယ်၊ မဲဇလီကုန်း ကျေးရွာမှ အဋ္ဌမတန်းတက်မည့်
ကျောင်းသူလေး ခိုင်သဇင်မှာ မိသားစုအခက်အခဲကြောင့် ကျောင်းဆက်တက်ရန် ခက်ခဲနေသည်ကို
ကြားသိခဲ့ရပါသည်။ ပညာရေးအသင့်အတင့် ထူးချွန်သလို ကျောင်းတက်ချင်စိတ်ရှိသော
ကလေးမလေး တစ်ဦး ကျောင်းဆက်တက်နိုင်ရန်၊ ကျောင်းအပ်နှံရေးအတွက်
ပညာရေးထောက်ပံ့ငွေ အဖြစ် ၂၀-၅-၂၀၁၃ ရက်နေ့တွင် ကိုဝင်းဇော် (ပုသိမ်မြို့)
မှတစ်ဆင့် ၃၀၀၀၀ိ/- ထောက်ပံ့ခဲ့သည်။ နောက်လည်း ၃-၄ လလျှင် တစ်ကြိမ်
ပညာရေးအတွက် ထောက်ပံ့ငွေ အဆင်ပြေသလို ပို့ပေးသွားမည် ဖြစ်ကြောင်းလည်း
အသိပေးပြောကြားခဲ့ပါသည်။
ကိုဝင်းဇော်မှတစ်ဆင့် ပြန်လည်ကြားသိရသည်မှာ မခိုင်သဇင်၏ အစ်ကို၊ မိသားစုဝင်များက
ကျောင်းကို မဖြစ်မနေဆက်ထားမည်ဖြစ်ကြောင်း၊ ထောက်ပံ့ငွေအား သူမ၏ ပညာရေးအတွက်သာ
အသုံးချမည်ဖြစ်ကြောင်း၊ အခြားမည်သည့်နေရာတွင်မှ အသုံးပြုမည်မဟုတ်ကြောင်း၊ ယခုလို
ကူညီ သည့်အတွက် ကျေးဇူးတင်ကြောင်း အသိပေးပြောကြားသွားပါသည်။
အလားတူ ၄-၆-၂၀၁၃ ရက်နေ့ မြောင်းမြမြို့သို့ ရောက်ရှိနေချိန်တွင်လည်း အမှတ် (၆)
ကျောင်းတွင် ယခုနှစ် (၁၀) တန်းတက်မည့်ကလေးမလေးတစ်ဦးမှာလည်း ပန်းနာရင်ကျပ်ရောဂါ
သည် ဖခင်ကြီးက ပညာတတ်ဖြစ်စေချင်သောစိတ်ဖြင့် ရုန်းကန်လှုပ်ရှားကာ
ကျောင်းထားပေးလျက်ရှိသည်။ ထို့ကြောင့် ကလေးများလေးအတွက် မှတ်စုရေးသားရန်
ဗလာစာအုပ်နှင့် ဘောလ်ပင်များ ၀ယ်ယူကာ တစ်ဆင့်ပေးအပ်ခဲ့ပါသည်။
Subscribe to:
Posts (Atom)