၂၈-၃-၂၀၁၃
နေ့ ည ၇း၀၀ ကားဖြင့် သရက်သို့ စတင်ထွက်ခွာခဲ့ပါသည်။ မနက် ၄ နာရီစွန်းစွန်းလောက်တွင်
သရက်ကို ရောက်ကာ တခဏ နားပြီး သရက်မြို့ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ကာ မနက် ၈း၃၀ တွင်
မြို့နယ်သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသော ပထမအကြိမ် နွေရာသီယဉ်ကျေးလိမ္မာနှင့် အင်္ဂလိပ်စာ
သင်တန်းကို သွားရောက်လေ့လာခဲ့ပါသည်။ ကလေးသူငယ် ၆၀၀ ကျော် ၇၀၀ ၀န်းကျင်ခန့်ရှိကြောင်း၊
ကလေးသူငယ်အရွယ်အလိုက် ၂ တန်းခွဲကာ သင်ကြားနေသည်ကိုလည်း တွေ့ရှိခဲ့ရပါသည်။
၉း၃၀ ထိ သင်ကြားမှုများကို
လေ့လာကာ တည်းခိုရာ ရှစ်မျက်နှာစာသင်တိုက်သို့ ပြန်လာခဲ့ပါသည်။
ကလေးများ ခုံရွှေ့နေသည်ကို
တွေ့ရသဖြင့် မေးကြည့်ရာ ၂၉-၃-၂၀၁၃ နေ့တွင် ကလေးများ စာမေးပွဲစစ်သည့်နေ့ဖြစ်ကြောင်း၊
စာမေးပွဲအချိန်မှာ နေ့လည် ၁ နာရီမှ ၄ နာရီထိ ဖြစ်ကြောင်း၊ စာမေးပွဲမှာ နှုတ်ဖြေနှင့်ရေးဖြေ
၂-မျိုးခွဲထားကာ အသက်ငယ်သောကလေးများမှာ နှုတ်ဖြေဖြေရမည်ဖြစ်ပြီး အသက်ကြီးသောကလေးများက
ရေးဖြေဖြေဆိုရမှာဖြစ်ကြောင်း၊ စတင်သင်ကြားစဉ်က ကျောင်းသား ၃၀၀ ၀န်းကျင်ရှိကြောင်း၊
စာမေးပွဲဖြေနိုင်သောအရွယ်မှာ ၂၀၀ စွန်းစွန်းသာရှိကြောင်း၊
၃၀-၃-၂၀၁၃ နေ့တွင် ပျော်ပွဲရွှင်ပွဲဖြစ်ပြီး
၁-၄-၂၀၁၃ နေ့တွင် ဆုပေးပွဲဖြစ်သည်ကိုလည်း သိခဲ့ရပါသည်။
စတုတ္ထအကြိမ်မြောက်
ရှစ်မျက်နှာပရိယတ္တိစာသင်တိုက်
နွေရာသီယဉ်ကျေးလိမ္မာနှင့်အင်္ဂလိပ်စာသင်တန်း
၁၀-၃-၂၀၁၃ မှ ၃၁-၃-၂၀၁၃
ထိ
နေ့လည် (၁၂)နာရီမှ (၃း၃၀)နာရီထိ
စာမေးပွဲအဖြေမီ ပြန်လည်လေ့လာနေသော ကလေးငယ်များ
စာမေးပွဲဖြေပြီး အတန်းမဆင်မီ
ဘုရားရှိခိုးရန် အသင့်ဖြစ်နေသော
ကလေးများ
ရောက်ရှိခဲ့သောသရက်မြို့အနီးတ၀ိုက်
ဘိလပ်မြေစက်ရုံ
သစ်ရိပ်များဖြင့် အေးချမ်းလှသော အောင်မင်္ဂလာစာသင်တိုက်
ရွှေသက်လွတ်ဘုရားမှ မြင်တွေ့ရသော ရှုမျှော်ခင်း
မြခဲတောင်တောရ
သင်တန်းကာလပုံရိပ်များ
0 comments:
Post a Comment