Latest Entries »

Showing posts with label မြန်မာဟာသ. Show all posts
Showing posts with label မြန်မာဟာသ. Show all posts

Sunday, April 15, 2012

အဖေဆိုတာ ဒီလိုမျိုး

အဖေဆိုတာ ဒီလိုမျိုး

တစ်နေ့တွင်……..

သားအဖနှစ်ယောက် မြို့တက်လာသည်။ ရေခဲချောင်းသည်နှင့်တွေ့ရာ ၀ယ်စားရန် ဆုံးဖြတ်လိုက်ကြ သည်။ တောအရပ်တွင် ကြားရုံသာကြားဖူးပြီး တစ်ခါမျှ မစားဘူးသော ရေခဲဆိုတာကြီးကို စားရတော့မည်ဖြစ်၍ ၀မ်းသာနေကြ၏။ ရေခဲချောင်းသည်က အရင်ထုတ်ပေးသော ရေခဲချောင်းချောင်းကို သားဖြစ်သူအား အရင် စားစေ၏။ သားဖြစ်သူလည်း အငမ်းမရဖြင့် ကိုက်လိုက်ရာ “အား”ဟု ထအော်လေ၏။ အဖေဖြစ်သူက ကမန်း ကတန်းပြောလိုက်၏။ “သေစမ်းကွာ…......! အဲသလောက် အ....ရလား……!....ဒီလောက်တောင် အငွေ့တထောင်းထောင်းထနေတာ အနည်းအပါး မှုတ်ပြီးစားပါးလား-ဟူ၏။” ထိုအချိန် ရေခဲချောင်းသည်က လှန်းပေးလိုက်သော ရေခဲချောင်းကို အဖေဖြစ်သူမှာ အားပါးတရမှုတ်လေတော့၏။ သားဖြစ်သူက “ပူတာ မဟုတ်ဘူး၊ အေးတာဗျ အဖေရ” ဟု ပြောလိုက်တော့မှ၊ အဖေဖြစ်သူမှာ စောစောကပြောပါလားဆိုကာ ရှက်ရှက်ဖြင့် ရပ်လိုက်တော့၏။

မိုး (အထက်မင်းလှ)

15 April 2012