Latest Entries »

Saturday, September 6, 2014

၂၀၁၄-ခုနှစ် ၀ါဆိုသင်္ကန်း လှူဒါန်းခြင်း



နှစ်စဉ် နှစ်တိုင်း လိုအပ်လျက်ရှိသော ကျောင်းများကို ၀ါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်းအတွက် ၂၀၁၄-ခုနှစ်တွင် ပါဝင်အားဖြည့်ကြသော အလှူရှင်များမှာ
၁။       မသောင်းစိုးဦး၊ မင်္ဂလာဒုံ                            သင်္ကန်း ၃ စုံ
၂။       ကိုထက်အောင်လင်း၊ မအေးအေးငြိမ်း            သင်္ကန်း ၁ စုံ
၃။       မခင်ခင်စိုး၊ မိတ္ထီလာ                                 သင်္ကန်း ၁ စုံ
၎။       ကိုနေကျော်ထွန်း၊ မြောင်းမြ                          သင်္ကန်း ၁ စုံ
တို့ဖြစ်ကြပါသည်။ အလှူရှင်များအား ၀မ်းမြောက်ဝမ်းသာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားအပ်ပါ သည်။ သင်္ကန်းများတွင် နှစ်စဉ်နှစ်တိုင်း လှူဒါန်းခဲ့သလိုမျိုးအတိုင်း လိုအပ်နေတဲ့ကျောင်းတစ်ကျောင်း ကျောင်းကို ရှာဖွေလှူဒါန်းပေးသွားမှာဖြစ်ပါတယ်။

စာကြည့်တိုက်အတွက် စာအုပ်များလှူဒါန်းခြင်း



မကွေးတိုင်းဒေသကြီး၊ သရက်မြို့၊ ရှစ်မျက်နှာပရိယတ္တိစာသင်တိုက် တွင် ဖွင့်လှစ်ထားသော ဓမ္မစကူးလ် သင်တန်းကျောင်း မှ ပညာသင်ကျောင်းသားကျောင်းသူ ကလေးသူငယ်များ လေ့လာဖတ်ရှုနိုင်ရန် ဖွင့်လှစ်ထားသော စာကြည့်တိုက်အတွက် ဒုတိယအကြိမ်မြောက် စာအုပ် လှူဒါန်းနိုင်ရန် အဓိကပံ့ပိုးပေးခဲ့သော မညိုမီ (spa today)နှင့် အလှူရှင်များ၊ လိုအပ်သောစာအုပ်များ (ကလေးများနှင့်ပတ်သက်သော ပုံပြင်စာအုပ်များနှင့်ရွှေသွေးဂျာနယ်များ) ကို အလွယ်တကူရရှိ နိုင်အောင် ကူညီပေးခဲ့သော မနောစာကြည့်တိုက်နှင့် ဦးစစ်သိမ်း၊ ဦးရွှေစိုးလမ်း၊ ကြည့်မြင်တိုင်မြို့နယ် တို့ကို ကျေှးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။

အပတ်စဉ် ဓမ္မစကူးလ် ဗုဒ္ဓဘာသာသင်တန်းကျောင်းအတွက် အလှူရှင်များစာရင်း

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာ၊ ပညာဇေယျုံကျောင်းတိုက်ကြီးအတွင်း အပတ်စဉ် ဓမ္မစကူးလ် ဗုဒ္ဓဘာသာသင်တန်းကျောင်း ဖွင့်လှစ်ရန်အတွက် ပါဝင်လှူဒါန်းကြသော အလှူရှင်များမှာ-
၁။     ကိုမျိုးဟိန်းဇော်မိသားစု၊ တောင်ဥက္ကလာပ                    100000/-
၂။     စမိုင်းလ်ပညာပါရမီ၊ ကုသိုလ်ဖြစ်လုပ်ငန်း                     64500/-
၃။     အာကာနှင့်သူငယ်ချင်းများ၊ လှည်းတန်း                       50000/-
၎။     ဦးဆန်းအောင်မြင့်+ဒေါ်ခင်အေးဝင်း၊ လှိုင်                    30000/-
၅။     မသဲသဲနှင့် အလှူရှင်များ၊ လှိုင်                                25500/-
၆။     ကိုမင်းအောင်ကျော်မိသားစု၊ တောင်ဥက္ကလာပ                15000/-
၇။     ကိုမင်းစိန်+မသီရိအောင်မိသားစု၊ ကျောက်ရေတွင်း          10000/-
၈။     ဦးကြီးစိန်+ဒေါ်သိန်းပုမိသားစု၊ ရွှေပြည်သာ                  5000/-
၉။     ဦးကိုကိုနိုင်+မနွယ်နွယ်စိုးမိသားစု၊ ရွှေပြည်သာ               5000/-
၁၀။    ဦးစိုးသန်းမိသားစု၊ ဂုံမင်း၊ တန်းလျားရွာ                      5000/-
        စုစုပေါင်းကောက်ခံရရှိငွေ 310000/- ကို 5-9-2014 ရက်နေ့တွင် တာဝန်ခံဆရာတော် ဦးတိလောက သို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။ ပါဝင်အားဖြည့်လှူဒါန်းပေးကြသော အလှူရှင်များအားလုံး သာဓုအနုမောဒနာခေါ်ဆို နိုင်ရန် အသိပေးအပ်ပါသည်။

Monday, July 14, 2014

အပတ်စဉ် ဓမ္မစကူးလ် သင်တန်းကျောင်း(ဂုံမင်း-ဧရာဝတီတိုင်းဒေသကြီး)အတွက် အလှူငွေများ ကောက်ခံလျက်ရှိကြောင်း အသိပေးနှိုးဆော်ခြင်း




လိုအပ်နေတဲ့ စာရေးကိရိယာတွေ၊ နောက် ဖြစ်မြောက်ရေးအတွက် ပဒေသာပင်တွေ လိုအပ်နေသေးတာကြောင့် ၀ိုင်းဝန်းပူးပေါင်းပေးကြပါလို့ အလှူရှင်များအား နှိုးဆော်အသိပေးအပ်ပါသည်။ လှူဒါန်းလိုကြသော အလှူရှင်များ (စမိုင်းလ် ပညာပါရမီ၊ ကုသိုလ်ဖြစ်လုပ်ငန်း-09 730 39656)ကို ဆက်သွယ်နိုင်သလို ဆရာတော် ဦးတိလောက(တာဝန်ခံဆရာတော်)-09 254294066 သို့လည်း ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်အသိပေးအပ်ပါသည်။
အလှူရှင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။



Friday, June 6, 2014

မနှင်းနှင်းစိုး ၊ ဘောဂဗေဒ (၁)ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်



ဒီနေ့ (7-6-14) ၂၀၁၃-၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းမှာ မနှင်းနှင်းစိုး ၊ ဘောဂဗေဒ (၁)ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ကြောင်း သူငယ်ချင်းများကိုရော ပညာပါရမီဖြည့်ဆည်းသူများကိုပါ အသိပေးအပ်ပါတယ်။
ဒီနှစ်တော့ အသင်းအဖွဲ့အနေနဲ့မဟုတ်ဘဲ ၉-တန်းတက်မည့် ကလေးမလေး နှစ်ယောက်ကို ထောက်ပံ့ ပေးထားပါတယ်။ တစ်ယောက်ကတော့ မနှစ်(၈-တန်း)ကတည်းက စပြီးထောက်ပံ့ထားခဲ့တာပါ။ မနှစ်က ကျောင်းစရိတ်က ၅-သောင်းပဲ ကုန်ကျခဲ့ပါတယ်။ ဒီနှစ်တော့ နှစ်ဝက်လောက်မှာ ဂိုက်ခေါ်ပေးမှာနဲ့ အခြား ကုန်ကျစရိတ်နဲ့ဆို ၂-သိန်း ၀န်းကျင်လောက်တော့ ကုန်ကျမယ်လို့ မျှော်မှန်းထားပါတယ်။
နောက်တစ်ယောက်ကတော့ စစ်တွေကပါ၊ တစ်လကို တစ်သောင်းခွဲ(ကျူရှင်ဖိုး) ထောက်ပံ့ပေးမှာပါ။ နှစ်ယောက်လုံးက ပညာရေးအသင့်အတင့်ပဲ ရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကျောင်းတက်ချင်တဲ့ မျှော်လင့်ချက် ကြောင့် ပညာပါရမီဖြည့်ဆည်းပေးထားခြင်းပါ။ ဘာလိုပဲဖြစ်ဖြစ် ၁၀-တန်းအောင်ပြီး သူတို့ဘ၀လေး တစ်ဆစ်ချိုး ပြောင်းလဲသွားရင်ပဲ ၀မ်းသာလှပါပြီ။
သူငယ်ချင်းတွေကိုကော၊ အခြားအသိမိတ်ဆွေတွေကိုရော အဓိက ပြောပြချင်တာက နယ်တွေမှာ ကျောင်းတက်ချင်တဲ့ကလေးတွေ ရှိပါတယ်။ အခြေအနေအကြောင်းကြောင်းကြောင့် ကျောင်းမနေနိုင်တဲ့ နယ်က ကလေးတွေအတွက် ကျောင်းစရိတ်ကုန်ကျငွေဟာ ရန်ကုန် အလောတော်အဆင်ပြေတဲ့ အနေအထား နဲ့ဆို မပြောပလောက်ပါဘူး။ ဒါကြောင့် ကိုယ့်အနီးဝန်းကျင်မှာ ရှိတဲ့ ကလေးပဲဖြစ်ဖြစ်၊ အဝေးကကလေးပဲ ဖြစ်ဖြစ် ကျောင်းနေချင်တဲ့ကလေးကို နိုင်သလောက်ဝိုင်းဝန်းထောက်ပံ့ပေးစေချင်ပါတယ်။ တကယ်လို့ ကုန်ကျစရိတ်တော့ပေးနိုင်တယ်၊ ထောက်ပံ့ပေးပါဆိုလည်း ပြောပါ၊ နယ်မှာ ကျောင်းတက်ချင်တဲ့ကလေးတွေ အားကြီးပါ။
အေးငြိမ်းတို့လည်း အရမ်းချမ်းသာနေလို့တော့မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်နိုင်သလောက်လေးတွေ လုပ်နေတာပါ။ အခြားအခြားသောသူများလည်း သတိထားမိအောင် အသိပေးနိုးဆော်ပေးတဲ့သဘောပါ။
အမြဲတမ်းပါဝင်အားဖြည့်ပေးနေတဲ့ အလှူရှင်တွေကော၊ သူငယ်ချင်းတွေကော အမြဲတမ်း ကျေးဇူးတင်နေပါတယ်။